တိုက္ႀကီးၿမိဳ႔နယ္၊ပုတၱေက်းရြာအုပ္စုရွိ ေအးခ်မ္းသာပရဟိတေက်ာင္းရွိ သံဃာေတာ္မ်ား၊ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္
ေနျပည္ေတာ္ ေအာက္တိုဘာ ၁၆
ရန္ကုန္တိုင္းေဒသႀကီး၊ တုိက္ႀကီးၿမိဳ႕နယ္၊ ပုတၱ ေက်းရြာအုပ္စုရွိ ေအးခ်မ္းသာပရဟိတေက်ာင္းရွိ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။
ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖဲြ႕က သံဃာေတာ္သံုးပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၂၀ ဦးႏွင့္ ေဒသခံ ျပည္သူ ၂၀ ဦးတုိ႔အား ႏွလံုးေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဆးကုသ ေရးအဖြဲ႕က တီဘီေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
တိုက်ကြီးမြို့နယ်၊ပုတ္တကျေးရွာအုပ်စုရှိအေးချမ်းသာပရဟိတကျောင်းရှိသံဃာတော်များ၊ကျောင်းသား၊ကျောင်းသူများနှင့်ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပုတ္တ ကျေးရွာအုပ်စုရှိ အေးချမ်းသာပရဟိတကျောင်းရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်သုံးပါး၊ ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦးနှင့် ဒေသခံ ပြည်သူ ၂၀ ဦးတို့အား နှလုံးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးကုသ ရေးအဖွဲ့က တီဘီရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။