ေက်ာက္ေတာ္ၿမိဳ႔နယ္၊ စစ္ေအာင္ေက်းရြာ အတြင္း၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႔ႏွင့္ ပတ္သက္ဆက္ႏႊယ္သူ တစ္ဦးအား အေသ ဖမ္းဆီးရမိ

ေက်ာက္ေတာ္ၿမိဳ႔နယ္၊ စစ္ေအာင္ေက်းရြာ အတြင္း၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႔ႏွင့္ ပတ္သက္ဆက္ႏႊယ္သူ တစ္ဦးအား အေသ ဖမ္းဆီးရမိ

ေနျပည္ေတာ္  ေအာက္တိုဘာ  ၁၆

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း  လုံၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ေအာက္တိုဘာ ၁၅ ရက္ နံနက္ ၆ နာရီ ၄၅ မိနစ္ခန္႔တြင္ ေက်ာက္ေတာ္ၿမိဳ႕၏ ေတာင္ဘက္ မီတာ ၅ဝဝဝ ခန္႔အကြာ စစ္ေအာင္ေက်းရြာ အနီးရွိ ေရကန္အနီးသို႔အေရာက္၌ အရပ္ဝတ္ျဖင့္ မသကၤာဖြယ္ လူတစ္ဦးမွ မိမိစစ္ေၾကာင္း သြားလာမႈမ်ားအား ဖုန္းျဖင့္ ဆက္သြယ္ ေျပာဆိုေနသည္ကို ေတြ႕ရွိရသျဖင့္ စစ္ေဆးရန္ ေခၚယူစဥ္ ထြက္ေျပးသြားခဲ့သျဖင့္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္တစ္ဦးမွ သတိေပးေျခာက္လွန္႔ ပစ္ခတ္ခဲ့ရာ ရပ္တန္႔ျခင္းမရွိဘဲ ဆက္လက္ ထြက္ေျပးသြားသျဖင့္ အေသပစ္ခတ္ ဖမ္းဆီးခဲ့သည္။

အဆုိပါ အေသဖမ္းဆီးရမိသူအား လုံၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက    ေက်းရြာရွိ တာဝန္ရွိသူမ်ားႏွင့္ အတူ စစ္ေဆးမႈမ်ားျပဳလုပ္ရာ ေသဆုံးသူသည္ အဆုိပါေက်းရြာမွ   အရက္ခ်က္လုပ္ငန္း လုပ္ကိုင္သည့္ ဦးခင္ေမာင္ၾကည္(ဘ) ဦးေမာင္ေမြးထြန္း ဆိုသူျဖစ္ၿပီး   ၎၏ ဝတ္ဆင္ထားသည့္ ပုဆိုးအတြင္းမွ ႀကိဳးဆြဲလက္ပစ္ဗုံး တစ္လုံး၊ လက္ကိုင္ဖုန္း ႏွစ္လုံးႏွင့္ အဆုိပါဖုန္းမ်ား အတြင္းရွိ Messenger မွ မိမိစစ္ေၾကာင္းမ်ား၏ လႈပ္ရွား သြားလာမႈမ်ားအား အျခားဖုန္းတစ္လုံးသို႔  ေျပာဆိုေပးပုိ႔ထားသည့္ စာမ်ားႏွင့္ အသံဖိုင္မ်ားအား စစ္ေဆးေတြ႕ရွိခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္    အရပ္ဝတ္မ်ား ဝတ္ဆင္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားအား မိုင္းဆြဲျခင္း၊ အမ်ားျပည္သူမ်ား ျဖတ္သန္းသြားလာေနသည့္ လမ္းမ်ားအား မိုင္းေထာင္ျခင္းမ်ားအျပင္ ေက်းရြာမ်ားအတြင္း အရပ္သားမ်ား အသြင္ျဖင့္ ဝင္ေရာက္ေနထုိင္ၿပီး တပ္မေတာ္ စစ္ေၾကာင္းမ်ား၏ လႈပ္ရွားသြားလာမႈမ်ားကို ေစာင့္ၾကည့္ သတင္းရယူေပးပို႔ ေနမႈမ်ားအား ေဆာင္ရြက္လ်က္ ရွိသည္ကို ေတြ႕ရွိရေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာ အတွင်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူ တစ်ဦးအား အသေ ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း  လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၅ဝဝဝ ခန့်အကွာ စစ်အောင်ကျေးရွာ အနီးရှိ ရေကန်အနီးသို့အရောက်၌ အရပ်ဝတ်ဖြင့် မသင်္ကာဖွယ် လူတစ်ဦးမှ မိမိစစ်ကြောင်း သွားလာမှုများအား ဖုန်းဖြင့် ဆက်သွယ် ပြောဆိုနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးမှ သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ထွက်ပြေးသွားသဖြင့် အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။

အဆိုပါ အသေဖမ်းဆီးရမိသူအား လုံခြုံရေး တပ်ဖွဲ့ဝင်များက    ကျေးရွာရှိ တာဝန်ရှိသူများနှင့် အတူ စစ်ဆေးမှုများပြုလုပ်ရာ သေဆုံးသူသည် အဆိုပါကျေးရွာမှ   အရက်ချက်လုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ကြည်(ဘ) ဦးမောင်မွေးထွန်း ဆိုသူဖြစ်ပြီး   ၎င်း၏ ဝတ်ဆင်ထားသည့် ပုဆိုးအတွင်းမှ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် အဆိုပါဖုန်းများ အတွင်းရှိ Messenger မှ မိမိစစ်ကြောင်းများ၏ လှုပ်ရှား သွားလာမှုများအား အခြားဖုန်းတစ်လုံးသို့  ပြောဆိုပေးပို့ထားသည့် စာများနှင့် အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့်    အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ အများပြည်သူများ ဖြတ်သန်းသွားလာနေသည့် လမ်းများအား မိုင်းထောင်ခြင်းများအပြင် ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်နေထိုင်ပြီး တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့် သတင်းရယူပေးပို့ နေမှုများအား ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း သတင်း ရရှိသည်။

Recent News