မင္းျပားၿမိဳ႕နယ္၊ ကမ္းနီေက်းရြာ အနီး၌ မိုုင္းေထာင္ေနသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူႏွစ္ဦးအား အေသ ဖမ္းဆီးရမိ

မင္းျပားၿမိဳ႕နယ္၊ ကမ္းနီေက်းရြာ အနီး၌ မိုုင္းေထာင္ေနသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူႏွစ္ဦးအား အေသ ဖမ္းဆီးရမိ

ေနျပည္ေတာ္  ေအာက္တိုဘာ  ၁၆

ရခုိင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္း လုံၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ေအာက္တိုဘာ ၁၅ ရက္ နံနက္၈ နာရီ ၄၅ မိနစ္ခန္႔တြင္ ကမ္းနီေက်းရြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၄ဝဝဝ ခန္႔ အကြာသုိ႔ အေရာက္၌   အရပ္ဝတ္မ်ား ဝတ္ဆင္လ်က္ မိုင္းေထာင္ေနသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူ ႏွစ္ဦးအား ေတြ႕ရွိသျဖင့္ လုံၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ ဖမ္းဆီးခဲ့ရာ အရွည္ ၆ လက္မ၊ အခ်င္း ၃ လက္မရွိ ကြန္ၾကဴပိုက္ျဖင့္ ျပဳလုပ္ထားသည့္ ေဒသႏၲရ နင္းမိုင္း သုံးလုံး၊ ဒီတိုေနတာ ႏွစ္ခု၊ ႀကိဳးဆြဲလက္ပစ္ဗုံး တစ္လုံး၊ မိုင္းေထာင္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ အတူ အေသဖမ္းဆီး ရမိခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ အရပ္ဝတ္မ်ား ဝတ္ဆင္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားအား မိုုင္းဆြဲျခင္း၊  အမ်ားျပည္သူမ်ား ျဖတ္သန္းသြားလာေနသည့္ ကားလမ္းမ်ားအား မိုင္းေထာင္ျခင္း၊ ေက်းရြာမ်ားအတြင္း အရပ္သားမ်ား အသြင္ျဖင့္ ဝင္ေရာက္ျခင္းမ်ား  ေဆာင္ရြက္လ်က္ ရိွေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာ အနီး၌ မိုင်းထောင်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူနှစ်ဦးအား အသေ ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁၆

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၅ ရက် နံနက်၈ နာရီ ၄၅ မိနစ်ခန့်တွင် ကမ်းနီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၄ဝဝဝ ခန့် အကွာသို့ အရောက်၌   အရပ်ဝတ်များ ဝတ်ဆင်လျက် မိုင်းထောင်နေသည့် AA အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးအား တွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ အရှည် ၆ လက်မ၊ အချင်း ၃ လက်မရှိ ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ နင်းမိုင်း သုံးလုံး၊ ဒီတိုနေတာ နှစ်ခု၊ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ အသေဖမ်းဆီး ရမိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊  အများပြည်သူများ ဖြတ်သန်းသွားလာနေသည့် ကားလမ်းများအား မိုင်းထောင်ခြင်း၊ ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်ခြင်းများ  ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Recent News