


 


 


 

(Unicode Version)

 

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်(ဒုတိယ)အကြိမ် ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်ပွဲပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၂ဝ 

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ များအား (ဒုတိယ)အကြိမ် ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ ၁၇၅၆ ဦးအတွက် ငွေကျပ် သိန်းပေါင်း ၁ဝ၇ သိန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များတွင်လည်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ တစ်ပြိုင်တည်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News