ေတာင္ႀကီးၿမိဳ႔၊ အတုလမာရဇိန္ ဆုေတာင္းျပည္႕ျမတ္စြာဘုရား ၿမိဳ႔လယ္ဓမၼာ႐ံု ေဂါပကအဖြဲ႔က ႀကီးမွဴးက်င္းပေသာ (၂၁)ႀကိမ္ေျမာက္ ကေမၺာဇသာမေဏေက်ာ္ စာေမးပြဲဖြင္႕ပြဲျပဳလုပ္ 

ေတာင္ႀကီးၿမိဳ႔၊ အတုလမာရဇိန္ ဆုေတာင္းျပည္႕ျမတ္စြာဘုရား ၿမိဳ႔လယ္ဓမၼာ႐ံု ေဂါပကအဖြဲ႔က ႀကီးမွဴးက်င္းပေသာ (၂၁)ႀကိမ္ေျမာက္ ကေမၺာဇသာမေဏေက်ာ္ စာေမးပြဲဖြင္႕ပြဲျပဳလုပ္ 
 

ေနျပည္ေတာ္ ေအာက္တိုဘာ ၂ဝ

 ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီး ၿမိဳ႕၊ အတုလမာရဇိန္ ဆုေတာင္းျပည့္ျမတ္စြာဘုရား ၿမိဳ႕လယ္ဓမၼာ႐ံုေဂါပက အဖြဲ႕က ႀကီးမွဴး က်င္းပေသာ (၂၁)ႀကိမ္ေျမာက္ ကေမၺာဇသာမေဏေက်ာ္ စာေမးပြဲဖြင့္ပြဲကို ယေန႔ နံနက္ပိုင္းတြင္ အဆိုပါေနရာ၌ ျပဳလုပ္ရာႏုိင္ငံေတာ္ၾသဝါဒါစရိယ၊ ကေမၺာဇသာမေဏေက်ာ္ စာေမးပြဲက်င္းပေရး အဖြဲ႕၏ ၾသဝါဒါစရိယ၊ အဂၢမဟာပ႑ိတ မဟာကမၼ႒ာနာစရိယ စြန္းလြန္းေက်ာင္းတိုက္ ဦးစီးပဓာန မဟာနာယက ဘဒၵႏၲအဂၢဓမၼာဘိဝံသ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ဌာနဆုိင္ရာအဖြဲ႕မ်ား၊ ေဂါပကအဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။ ဦးစြာ တက္ေရာက္လာၾကသူမ်ားက စြန္းလြန္းေက်ာင္းတိုက္ ဦးစီးပဓာန မဟာနာယက ဆရာေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၿပီး ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕လယ္ဓမၼာ႐ံုေဂါပက အဖြဲ႕ဥကၠ႒က (၂၁)ႀကိမ္ေျမာက္ ကေမၺာဇသာမေဏေက်ာ္ စာေမးပြဲက်င္းပျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေလွ်ာက္ထားသည္။ ထို႔ေနာက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ တုိင္းစစ္ဌာနခ်ဳပ္မွ လွဴဒါန္းေသာ အလွဴေတာ္ေငြက်ပ္သိန္း ၁၁ဝ အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တုိင္းမွဴးတို႔က ေပးအပ္လွဴဒါန္းရာ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕လယ္ဓမၼာ႐ံု ေဂါပကအဖြဲ႕ ဥကၠ႒မွ လက္ခံရယူသည္။ 

ယင္းေနာက္ ၿမိဳ႕လယ္ဓမၼာ႐ံု ေဂါပကအဖြဲ႕ဝင္ တစ္ဦးမွ ေအာင္ပလႅင္ဖြင့္ ဂါထာေတာ္ျဖင့္ အာဂံုေျဖရွင္သာမေဏမ်ားကို ဓမၼာသနပလႅင္ေပၚသို႔ ပင့္ေဆာင္၍ ေတာင္ႀကီးၿမိဳ႕ သိမ္ေတာင္ ပရိယတၱိစာသင္တိုက္ စာခ်ဆရာေတာ္ ဘဒၵႏၲ ဉာဏဝံသာလကၤာရက ရွင္သာမေဏ ေလာင္းလ်ာမ်ားအား ထီးျဖဴေတာ္ဖြင့္ဂါထာေတာ္ျဖင့္ ပူေဇာ္ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တုိင္းမွဴးႏွင့္ တာဝန္ရွိသူမ်ားက ကနကၠဒဏ္ထီးျဖဴေတာ္မ်ား ဖြင့္လွစ္ကာ အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းပူေဇာ္ၾကသည္။ ဆက္လက္၍ ပုစၧကဆရာေတာ္ႀကီးမ်ားက သာမေဏေက်ာ္ေလာင္းလ်ာ မ်ားအား အာဂံုႏႈတ္ေမးခြန္းမ်ား ေမးျမန္းေျဖဆိုေတာ္မူၾကသည္။ 

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တုိင္းမွဴးႏွင့္ တာဝန္ရွိသူမ်ားက သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။ အဆိုပါ ကေမၺာဇသာမေဏေက်ာ္ စာေမးပြဲႀကီးအား ၁၉၉၉ ခုႏွစ္မွ စတင္၍ ႏွစ္စဥ္မပ်က္ က်င္းပျပဳလုပ္ခဲ့ၿပီး ယေန႔က်င္းပျပဳလုပ္ေသာ (၂၁)ႀကိမ္ေျမာက္ ကေမၺာဇသာမေဏေက်ာ္ စာေမးပြဲႀကီးတြင္ ပထမအဆင့္ စာေမးပြဲ၌ သံဃာေတာ္ ၅၃၄ ပါး၊ ဒုတိယအဆင့္ စာေမးပြဲ၌ သံဃာေတာ္ ၂၈ဝ ပါးႏွင့္ တတိယအဆင့္ စာေမးပြဲ၌ သံဃာေတာ္ ၁၅၂ ပါး၊ စုစုေပါင္းသံဃာေတာ္ ၉၆၆ ပါးတို႔က ေအာက္တိုဘာ ၂၆ ရက္အထိ ဝင္ေရာက္ ေျဖဆို သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။     

(Unicode Version)

 တောင်ကြီးမြို့၊ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲဖွင့်ပွဲပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၂ဝ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၊ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံဂေါပက အဖွဲ့က ကြီးမှူး ကျင်းပသော (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာနိုင်ငံတော်သြဝါဒါစရိယ၊ ကမ္ဗောဇသာမဏေကျော် စာမေးပွဲကျင်းပရေး အဖွဲ့၏ သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ တက်ရောက်လာကြသူများက စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံဂေါပက အဖွဲ့ဥက္ကဋ္ဌက (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။ ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသော အလှူတော်ငွေကျပ်သိန်း ၁၁ဝ အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်လှူဒါန်းရာ တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဋ္ဌမှ လက်ခံရယူသည်။ 

ယင်းနောက် မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဝင် တစ်ဦးမှ အောင်ပလ္လင်ဖွင့် ဂါထာတော်ဖြင့် အာဂုံဖြေရှင်သာမဏေများကို ဓမ္မာသနပလ္လင်ပေါ်သို့ ပင့်ဆောင်၍ တောင်ကြီးမြို့ သိမ်တောင် ပရိယတ္တိစာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တ ဉာဏဝံသာလင်္ကာရက ရှင်သာမဏေ လောင်းလျာများအား ထီးဖြူတော်ဖွင့်ဂါထာတော်ဖြင့် ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကနက္ကဒဏ်ထီးဖြူတော်များ ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ ဆက်လက်၍ ပုစ္ဆကဆရာတော်ကြီးများက သာမဏေကျော်လောင်းလျာ များအား အာဂုံနှုတ်မေးခွန်းများ မေးမြန်းဖြေဆိုတော်မူကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ အဆိုပါ ကမ္ဗောဇသာမဏေကျော် စာမေးပွဲကြီးအား ၁၉၉၉ ခုနှစ်မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ကျင်းပပြုလုပ်သော (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲကြီးတွင် ပထမအဆင့် စာမေးပွဲ၌ သံဃာတော် ၅၃၄ ပါး၊ ဒုတိယအဆင့် စာမေးပွဲ၌ သံဃာတော် ၂၈ဝ ပါးနှင့် တတိယအဆင့် စာမေးပွဲ၌ သံဃာတော် ၁၅၂ ပါး၊ စုစုပေါင်းသံဃာတော် ၉၆၆ ပါးတို့က အောက်တိုဘာ ၂၆ ရက်အထိ ဝင်ရောက် ဖြေဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။     

Recent News