ထားဝယ္ၿမိဳ႔ႏွင္႕ ကရသူရိၿမိဳ႕တို႕၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ထားဝယ္ၿမိဳ႔ႏွင္႕ ကရသူရိၿမိဳ႕တို႕၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 
 

ေနျပည္ေတာ္ ေအာက္တုိဘာ ၂ဝ 

 

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕၊ေက်ာက္ေမာ္ရပ္၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းရွိ သံဃာေတာ္မ်ား၊ သာသနာ့အႏြယ္ဝင္ သီလရွင္မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုး တန္းေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္းရွိ ၿမိဳ႕မယဥ္ေငး သာသနာ့ရိပ္သာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၁ဝ ပါး၊ သာသနာ့အႏြယ္ဝင္ သီလရွင္ငါးပါးႏွင့္ ေက်ာင္းသား၊ေက်ာင္းသူ ၁၇၇ ဦးတို႔အား ဖ်ားနာေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ဆီးခ်ဳိ၊ေသြးခ်ဳိ စစ္ေဆးေပးျခင္း စသည့္က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

အလားတူ တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ယေန႔နံနက္ပိုင္းတြင္လည္း ဘုတ္ျပင္းၿမိဳ႕နယ္၊ ကရသူရိၿမိဳ႕၊ ဟန္ကခ်င္းေက်းရြာရွိ ေဒသခံ တိုင္းရင္းသား ျပည္သူ ၁၃၉ ဦးတို႔ကို အဆိုပါေက်းရြာရွိ ေဇယ်သုခဘုန္းေတာ္ႀကီးေက်ာင္း၌ အစာအိမ္ေရာဂါ၊ ခါးနာေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အဆုတ္ေရာဂါ၊ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ဆီးခ်ဳိ၊ ေသြးခ်ဳိ စစ္ေဆးေပးျခင္း စသည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။    

 

(Unicode Version)

 

ထားဝယ်မြို့နှင့် ကရသူရိမြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် အောက်တိုဘာ ၂ဝ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ကျောက်မော်ရပ်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းရှိ မြို့မယဉ်ငေး သာသနာ့ရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁ဝ ပါး၊ သာသနာ့အနွယ်ဝင် သီလရှင်ငါးပါးနှင့် ကျောင်းသား၊ကျောင်းသူ ၁၇၇ ဦးတို့အား ဖျားနာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဆီးချို၊သွေးချို စစ်ဆေးပေးခြင်း စသည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

အလားတူ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ယနေ့နံနက်ပိုင်းတွင်လည်း ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကချင်းကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၃၉ ဦးတို့ကို အဆိုပါကျေးရွာရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်း၌ အစာအိမ်ရောဂါ၊ ခါးနာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အဆုတ်ရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။   

Recent News