ပန္းေတာင္းၿမိဳ႔နယ္၊ သဲေကာေက်းရြာရွိေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ 

ပန္းေတာင္းၿမိဳ႔နယ္၊ သဲေကာေက်းရြာရွိေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၀

 

 ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ေတာင္ေဘြေက်းရြာအုပ္စု၊ သဲေကာေက်းရြာရွိ ေဒသခံျပည္သူမ်ားကို ေအာက္တို ဘာ ၁၉ ရက္ ေန႔လယ္ပိုင္းတြင္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်းရြာ သဲေကာဓမၼာ႐ံု၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံျပည္သူ ၉၄ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသ ေပးျခင္းမ်ား ေဆာင္ရြက္ ေပးၿပီး ေဆး႐ံု တက္ေရာက္ကုသရန္ လိုအပ္သူႏွစ္ဦးအား ဥသွ်စ္ပင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ ကုသ ႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ေဆးကုသေရး အဖြဲ႕က ေဒသခံ ျပည္သူမ်ားကို ေသြးတိုးေရာဂါ အေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာ ေျပာ ေဆြးေႏြး ျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။                       

 

(Unicode Version)

 

ပန်းတောင်းမြို့နယ်၊ သဲကောကျေးရွာရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် 

နေပြည်တော် အောက်တိုဘာ ၂၀ 

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာအုပ်စု၊ သဲကောကျေးရွာရှိ ဒေသခံပြည်သူများကို အောက်တို ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ သဲကောဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၉၄ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူနှစ်ဦးအား ဥသျှစ်ပင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသရေး အဖွဲ့က ဒေသခံ ပြည်သူများကို သွေးတိုးရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေး ဟော ပြော ဆွေးနွေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

 

Recent News