ၿမိဳ႔နယ္ စစ္္မႈထမ္းေဟာင္း အဖြဲ႔မ်ား၏ ၂၀၁၈-၂၀၁၉ ႏွစ္ပတ္လည္ အစည္းအေ၀းႏွင္႕ေထာက္ပံ႕ေငြ ေပးအပ္ပြဲမ်ား ျပဳလုပ္ 

ၿမိဳ႔နယ္ စစ္္မႈထမ္းေဟာင္း အဖြဲ႔မ်ား၏ ၂၀၁၈-၂၀၁၉ ႏွစ္ပတ္လည္ အစည္းအေ၀းႏွင္႕ေထာက္ပံ႕ေငြ ေပးအပ္ပြဲမ်ား ျပဳလုပ္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၀

 

 မႏၱေလး တုိင္းေဒသႀကီး၊ ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္း အဖြဲ႕မ်ား၏ ၂၀၁၈-၂၀၁၉ ခုႏွစ္၊ ႏွစ္ပတ္လည္အစည္းအေ၀းႏွင့္ ေထာက္ပံ့ေငြေပးအပ္ပြဲကို ယေန႔နံနက္ပိုင္းတြင္ ငါန္းဇြန္ၿမိဳ႕နယ္၊ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး႐ံုး အစည္းအေ၀းခန္းမ၌ ျပဳလုပ္ရာ မႏၱေလး တုိင္းေဒသႀကီး၊ စစ္မႈထမ္းေဟာင္းႀကီးၾကပ္ေရးအဖြဲ႕နာယက၊ အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ အဖြဲ႕၀င္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ား၊ မိသားစု ၀င္မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္း သူမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ တုိင္းမွဴးက အဖြင့္အမွာ စကားေျပာၾကားသည္။ ထို႔ေနာက္ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ၿမိဳ႕နယ္စစ္မႈ ထမ္း ေဟာင္း အဖြဲ႕၀င္မ်ားကို ေထာက္ပံ့ေငြ၊ စစ္မႈထမ္းေဟာင္း ၀တ္စံုမ်ား၊ ၾကက္ဥႏွင့္ စားေသာက္ဖြယ္ရာမ်ားကို လည္းေကာင္း၊ သားသမီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပညာသင္ေထာက္ပံ့ေငြႏွင့္ ေက်ာင္းသံုးဗလာစာအုပ္မ်ားကို လည္းေကာင္း အသီးသီး ေပးအပ္ၾကသည္။  

 

အလားတူ ပုသိမ္ႀကီးၿမိဳ႕နယ္၊ နယ္ေျမခံ တပ္ရင္းခန္းမႏွင့္ မိုးကုတ္ၿမိဳ႕နယ္၊ စစ္မႈထမ္းေဟာင္း႐ံုး တို႔၌ အသီးသီး ျပဳလုပ္ၾကရာ ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္း အဖြဲ႕ ဥကၠ႒ႏွင့္ အဖြဲ႕၀င္မ်ား၊ စစ္မႈထမ္းေဟာင္း မိသားစု၀င္မ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကၿပီး တာ၀န္ရွိသူမ်ားက အမွာစကား အသီးသီးေျပာၾကားကာ ေထာက္ပံ့ေငြ၊ စစ္မႈထမ္း ေဟာင္း၀တ္စံုမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ပညာသင္ ေထာက္ပံ့ေငြႏွင့္ ေက်ာင္းသံုး ဗလာစာအုပ္မ်ား ေထာက္ပ့ံ ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့များ၏ ၂၀၁၈-၂၀၁၉ နှစ်ပတ်လည် အစည်းအဝေးနှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲများ ပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၂၀ 

မန္တလေး တိုင်းဒေသကြီး၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့များ၏ ၂၀၁၈-၂၀၁၉ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ငါန်းဇွန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယက၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစု ဝင်များနှင့် ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မြို့နယ်စစ်မှု ထမ်း ဟောင်း အဖွဲ့ဝင်များကို ထောက်ပံ့ငွေ၊ စစ်မှုထမ်းဟောင်း ဝတ်စုံများ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ သားသမီး ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း အသီးသီး ပေးအပ်ကြသည်။ 

အလားတူ ပုသိမ်ကြီးမြို့နယ်၊ နယ်မြေခံ တပ်ရင်းခန်းမနှင့် မိုးကုတ်မြို့နယ်၊ စစ်မှုထမ်းဟောင်းရုံး တို့၌ အသီးသီး ပြုလုပ်ကြရာ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များနှင့် ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ကြပြီး တာဝန်ရှိသူများက အမှာစကား အသီးသီးပြောကြားကာ ထောက်ပံ့ငွေ၊ စစ်မှုထမ်း ဟောင်းဝတ်စုံများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင် ထောက်ပံ့ငွေနှင့် ကျောင်းသုံး ဗလာစာအုပ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News