ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦး ေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ လာအိုႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးထြက္ခြာ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦး ေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ လာအိုႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးထြက္ခြာ 

ေနျပည္ေတာ္၊ ေအာက္တိုဘာ- ၂၁ 

လာအိုျပည္သူ႕ဒီမိုကရက္တစ္သမၼတႏုိင္ငံ၊ အမ်ဳိးသားကာကြယ္ေရး ၀န္ႀကီးဌာန၊ စစ္ဦးစီးဌာန ဒုတိယ အႀကီးအကဲ Major General Pasith Thiengtham ၏ဖိတ္ၾကားခ်က္အရ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ လာအိုျပည္သူ႕ဒီမုိကရက္တစ္သမၼတႏိုင္ငံသုိ႕ ခ်စ္ၾကည္ေရးခရီး သြားေရာက္ရန္အတြက္ ယေန႔ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ ထြက္ခြာၾကသည္။ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဦးေဆာင္ သည့္ ျမန္မာ့တပ္မ ေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား ၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ျမန္မာႏိုင္ငံဆုိင္ရာ လာအိုသံ႐ုံးမွ သံ႐ုံးဒုတိယအႀကီးအကဲ Mr. Somphay WONGMAHCHAK ၊ ျမန္မာႏုိင္ငံဆိုင္ရာ လာအိုစစ္သံ႐ုံးမွ ဒုတိယစစ္သံမွဴး Lieutenant Colonel Latsamy KEOMIXAY ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္အဖြဲ႕၀င္မ်ားသည္ လာအိုေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၂ နာရီခြဲ ခန္႔တြင္ လာအိုျပည္ သူ႕ဒီမိုကရက္တစ္သမၼတႏုိင္ငံ၊ ဗီယင္က်န္းၿမဳိ႕၊ ၀ပ္တိုင္းအျပည္ျပည္ ဆိုင္ရာေလဆိပ္သုိ႔ ေရာက္ရွိၾကသည္။

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕အား လာအိုျပည္သူ႔ တပ္မေတာ္၊ ႏိုင္ငံျခားဆက္ဆံေရးဌာန၊႐ုံးအဖြဲ႕ အႀကီးအကဲ Colonel Touy Vi Laketh ႏွင့္ ဇနီး၊ လာအိုႏိုင္ငံ ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးကိုကိုႏိုင္ႏွင့္ ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စိုးမင္း ႏွင့္ဇနီး၊ ျမန္မာႏိုင္ငံဆုိင္ရာ လာအိုစစ္သံမွဴး Colonel Bounmyvieng VIENGHOUT THASAT ႏွင့္ဇနီး လာအိုျပည္သူ႔တပ္မေတာ္စစ္ဦးစီးဌာန၊ ဒုတိယအႀကီးအကဲ Lieutenant Colonel Souksavath DALASOUK တို႔က ေလဆိပ္တြင္ႀကိဳဆိုႏႈတ္ဆက္ၾက သည္။ 

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အဖြဲ႕၀င္မ်ားသည္ မြန္းလြဲပုိင္းတြင္ That Laung Stupa (ထပ္လြမ္ေစတီေတာ္)၊ Patuxai (ပတၱဴဆိုင္း Monument ၊ Wat Sisaket (၀ပ္စီစာကတ္)ႏွင့္ Hopar Keo (ျမဘုရားပလႅင္) တို႔သို႔ သြားေရာက္ဖူးေျမာ္ၾကည္ညဳိခဲ့ၾကသည္။ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္အတူ ဇနီးေဒၚသန္းသန္းႏြယ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား လိုက္ပါသြား ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦး ဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ 

နေပြည်တော်၊ အောက်တိုဘာ- ၂၁ 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ Major General Pasith Thiengtham ၏ဖိတ်ကြားချက်အရ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာကြသည်။ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင် သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Somphay WONGMAHCHAK ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံရုံးမှ ဒုတိယစစ်သံမှူး Lieutenant Colonel Latsamy KEOMIXAY နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် လာအိုဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လာအိုပြည် သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ ဝပ်တိုင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့အား လာအိုပြည်သူ့ တပ်မတော်၊ နိုင်ငံခြားဆက်ဆံရေးဌာန၊ရုံးအဖွဲ့ အကြီးအကဲ Colonel Touy Vi Laketh နှင့် ဇနီး၊ လာအိုနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမင်း နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Colonel Bounmyvieng VIENGHOUT THASAT နှင့်ဇနီး လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲ Lieutenant Colonel Souksavath DALASOUK တို့က လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြ သည်။ 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် That Laung Stupa (ထပ်လွမ်စေတီတော်)၊ Patuxai (ပတ္တူဆိုင်း Monument ၊ Wat Sisaket (ဝပ်စီစာကတ်)နှင့် Hopar Keo (မြဘုရားပလ္လင်) တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွား ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News