ပုေလာၿမိဳ႔နယ္ အနီး ျမန္မာ႕ပင္လယ္ျပင္အတြင္း တရားမ၀င္ ငါးဖမ္းေလွတစ္စင္းဖမ္းမိ

ပုေလာၿမိဳ႔နယ္ အနီး ျမန္မာ႕ပင္လယ္ျပင္အတြင္း တရားမ၀င္ ငါးဖမ္းေလွတစ္စင္းဖမ္းမိ

ေနျပည္ေတာ္  ေအာက္တိုဘာ  ၂၁

တနသၤာရီတိုင္း ေဒသႀကီး၊ ပုေလာၿမိဳ႕နယ္အနီး  ျမန္မာ့ပင္လယ္ျပင္ အတြင္း ပင္လယ္ျပင္ လုံၿခံဳေရးႏွင့္ နယ္ေျမ စိုးမိုးေရး ေဆာင္ရြက္ေနသည့္  တပ္ဖြဲ႕၀င္မ်ားသည္ ယေန႔နံနက္ ၇ နာရီ ၁၀ မိနစ္ခန္႔တြင္ ပုေလာၿမိဳ႕နယ္၏ အေနာက္ေျမာက္ ဘက္ ေရမိုင္ ၂၀ မိုင္ခန္႔အကြာသုိ႔အေရာက္၌ မသကၤာဖြယ္ တရြတ္ဆြဲေလွတစ္စင္းအား ေတြ႕ရွိသျဖင့္ ေခၚယူစစ္ေဆးရာ ေလွေပၚမွ ဦးေဇာ္ဦး(ဘ) ဦးဘရွင္ အပါအ၀င္ အမ်ဳိး သားေလးဦးသည္ ပင္လယ္ျပင္အတြင္း တရားမ၀င္ငါးခုိးဖမ္းၿပီး  ျပန္လာျခင္းျဖစ္ ေၾကာင္း သိရွိရသျဖင့္ ဖမ္းဆီးခဲ့သည္။

အဆိုပါတရားမ၀င္ငါးခုိးဖမ္းသည့္ တရြတ္ဆြဲေလွႏွင့္အတူ ဖမ္းဆီးရမိသူမ်ား အား ၿမိတ္ၿမိဳ႕၊ ငါးလုပ္ငန္းဦးစီးဌာနသို႔ စနစ္ တက်လႊဲေျပာင္းအပ္ႏွံသြားမည္ျဖစ္္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပုလောမြို့နယ် အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလှေတစ်စင်းဖမ်းမိ

နေပြည်တော်  အောက်တိုဘာ  ၂၁

တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်အနီး  မြန်မာ့ပင်လယ်ပြင် အတွင်း ပင်လယ်ပြင် လုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေး ဆောင်ရွက်နေသည့်  တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပုလောမြို့နယ်၏ အနောက်မြောက် ဘက် ရေမိုင် ၂၀ မိုင်ခန့်အကွာသို့အရောက်၌ မသင်္ကာဖွယ် တရွတ်ဆွဲလှေတစ်စင်းအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေပေါ်မှ ဦးဇော်ဦး(ဘ) ဦးဘရှင် အပါအဝင် အမျိုး သားလေးဦးသည် ပင်လယ်ပြင်အတွင်း တရားမဝင်ငါးခိုးဖမ်းပြီး  ပြန်လာခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ဖမ်းဆီးခဲ့သည်။

အဆိုပါတရားမဝင်ငါးခိုးဖမ်းသည့် တရွတ်ဆွဲလှေနှင့်အတူ ဖမ်းဆီးရမိသူများ အား မြိတ်မြို့၊ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ် တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News