




(Unicode Version)

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်မှောင်ခိုလှေတစ်စင်းဖမ်းမိ

နေပြည်တော်  အောက်တိုဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း  ပင်လယ်ပြင်လုံခြုံရေးနှင့် နယ်မြေစိုး မိုးရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည်  အောက်တိုဘာ ၂၀ ရက် ည ၈ နာရီခွဲခန့် တွင် ကော့သောင်းမြို့၏ အနောက်ဘက် ရေမိုင် ၁၁၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေပေါ်မှ ဦးအေးဝင်း (ဘ)ဦးမောင်ခင် အပါအဝင် အမျိုးသားကိုးဦး သည် တစ်ဖက်နိုင်ငံသို့ တရားမဝင်သစ် များပို့ဆောင်ပြီး ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးခဲ့သည်။

အဆိုပါ တရားမဝင်သစ်မှောင်ခိုလှေနှင့် အတူ ဖမ်းဆီးရမိသူများအား ကော့သောင်းမြို့၊  သစ်တောဦးစီးဌာနသို့  စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Recent News