လား႐ိႈးၿမိဳ႕နယ္၊ ေခးနင္းပရိယတၱိစာသင္တိုက္ဆရာေတာ္အား အမည္မသိအမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္

လား႐ိႈးၿမိဳ႕နယ္၊ ေခးနင္းပရိယတၱိစာသင္တိုက္ဆရာေတာ္အား အမည္မသိအမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၁

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊  လား႐ိႈး ၿမိဳ႕နယ္၊ ေခးနင္းေက်းရြာရွိ ေခးနင္းပရိယတၱိစာသင္တိုက္ေန သက္ေတာ္ ၄၅ ႏွစ္၊ ဝါေတာ္ ၂၅ ဝါရွိ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲပညာေဇာတသည္ ေအာက္တိုဘာ ၂၀ ရက္ ည ၇ နာရီခြဲခန္႔တြင္ ေက်ာင္းဝင္းအတြင္း စႀကႍေလွ်ာက္ေနစဥ္ ဓမၼာ႐ံုအေရွ႕ဘက္ေလွကားအနီးသို႔အေရာက္၌ အမည္မသိ အမ်ိဳးသားႏွစ္ဦး ဝင္ေရာက္လာၿပီး ဆရာေတာ္အား ၉ မမပစၥတိုေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ဆရာေတာ္တြင္ ညာဘက္နားထင္ႏွင့္ နားရင္းတို႔ က်ည္ေဖာက္ဝင္ဒဏ္ရာ ႏွစ္ခ်က္၊ ဘယ္ဘက္နားထင္ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ ညာဘက္ေနာက္ေက်ာလက္ျပင္ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္ရရွိခဲ့ၿပီး ဆရာေတာ္သည္ ေနရာ၌ပင္ပ်ံလြန္ေတာ္မူခဲ့သည္။

လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး စံုစမ္းစစ္ေဆးျခင္းႏွင့္ လိုအပ္သည့္ လံုၿခံဳေရးလုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လားရှိုးမြို့နယ်၊ ခေးနင်းပရိယတ္တိစာသင်တိုက်ဆရာတော်အား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်

နေပြည်တော် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊  လားရှိုး မြို့နယ်၊ ခေးနင်းကျေးရွာရှိ ခေးနင်းပရိယတ္တိစာသင်တိုက်နေ သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတသည် အောက်တိုဘာ ၂၀ ရက် ည ၇ နာရီခွဲခန့်တွင် ကျောင်းဝင်းအတွင်း စြင်္ကံလျှောက်နေစဉ် ဓမ္မာရုံအရှေ့ဘက်လှေကားအနီးသို့အရောက်၌ အမည်မသိ အမျိုးသားနှစ်ဦး ဝင်ရောက်လာပြီး ဆရာတော်အား ၉ မမပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် ဆရာတော်တွင် ညာဘက်နားထင်နှင့် နားရင်းတို့ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ဘယ်ဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာဘက်နောက်ကျောလက်ပြင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ဆရာတော်သည် နေရာ၌ပင်ပျံလွန်တော်မူခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးခြင်းနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News