နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္အား ခ်ဥ္းကပ္ဝင္ေရာက္လာသည့္ မသကၤာဖြယ္လူတစ္ဦးအား တားဆီးပစ္ခတ္

နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္အား ခ်ဥ္းကပ္ဝင္ေရာက္လာသည့္ မသကၤာဖြယ္လူတစ္ဦးအား တားဆီးပစ္ခတ္

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၁

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ရွိ နယ္ေျမခံတပ္ရင္း၌ လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ား သည္ ေအာက္တိုဘာ ၁၉ ရက္ ည ၁၁ နာရီ ၁၅ မိနစ္ခန္႔တြင္ လံုၿခံဳေရးေဆာင္ရြက္စဥ္ ရန္ကုန္-စစ္ေတြ ကားလမ္းမႀကီးအတိုင္း ေျမာက္ဦးၿမိဳ႕အတြင္းဘက္မွ မသကၤာဖြယ္အမ်ိဳးသားတစ္ဦးသည္ နယ္ေျမခံတပ္ရင္း လံုၿခံဳေရးေဆာင္ရြက္ေနသည့္ေနရာအား ခ်ဥ္းကပ္လာသျဖင့္ ရပ္တန္႔ရန္ ေအာ္ဟစ္သတိေပးစဥ္ ရပ္တန္႔ျခင္းမရွိဘဲ နယ္ေျမခံတပ္ရင္းဘက္သို႔ ဆက္လက္ခ်ဥ္းကပ္လာသျဖင့္ လံုၿခံဳေရးတပ္ဖြဲ႕ဝင္တစ္ဦးမွ လက္နက္ငယ္ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ခဲ့သည္။

အဆိုပါေနရာအား ေအာက္တိုဘာ ၂၀ ရက္ နံနက္ ၂ နာရီခန္႔တြင္ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ အားကစားအက်ႌ၊ ေဘာင္းဘီတိုဝတ္ဆင္ထားသည့္ AA အၾကမ္းဖက္ေသာင္း က်န္းသူအဖြဲ႕မွ အသက္ ၃၀ ခန္႔အမ်ိဳးသားတစ္ဦးအား ယာေပါင္ရင္းလက္နက္ငယ္ က်ည္ေဖာက္ဝင္ဒဏ္ရာျဖင့္ ေသြးထြက္လြန္၍ ေသဆံုးလ်က္ရွိၿပီး ၎အနီးမွမိုင္းေထာင္ရာတြင္ အသံုးျပဳသည့္ ဒီတိုေနတာ တစ္ေခ်ာင္း၊ အရွည္ ၅ ေပခန္႔ ဝါယာႀကိဳး ႏွစ္ေခ်ာင္းတို႔ကို ေတြ႕ရွိ သိမ္းဆည္းရမိခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ အရပ္ဝတ္မ်ားဝတ္ဆင္၍ တပ္မေတာ္ စစ္ေၾကာင္းမ်ားအား မိုင္းဆြဲျခင္း၊ တပ္စခန္းမ်ားအား ဝင္ေရာက္တိုက္ခိုက္ျခင္း၊ သတင္းစံုစမ္းျခင္းႏွင့္ ေက်းရြာမ်ားအတြင္း အရပ္သားမ်ားအသြင္ျဖင့္ ဝင္ေရာက္ျခင္းမ်ားေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode  Version)

နယ်မြေခံတပ်ရင်းဌာနချုပ်အား ချဉ်းကပ်ဝင်ရောက်လာသည့် မသင်္ကာဖွယ်လူတစ်ဦးအား တားဆီးပစ်ခတ်

နေပြည်တော် အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် အောက်တိုဘာ ၁၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးဆောင်ရွက်စဉ် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မြောက်ဦးမြို့အတွင်းဘက်မှ မသင်္ကာဖွယ်အမျိုးသားတစ်ဦးသည် နယ်မြေခံတပ်ရင်း လုံခြုံရေးဆောင်ရွက်နေသည့်နေရာအား ချဉ်းကပ်လာသဖြင့် ရပ်တန့်ရန် အော်ဟစ်သတိပေးစဉ် ရပ်တန့်ခြင်းမရှိဘဲ နယ်မြေခံတပ်ရင်းဘက်သို့ ဆက်လက်ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

အဆိုပါနေရာအား အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အားကစားအင်္ကျီ၊ ဘောင်းဘီတိုဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့မှ အသက် ၃၀ ခန့်အမျိုးသားတစ်ဦးအား ယာပေါင်ရင်းလက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သွေးထွက်လွန်၍ သေဆုံးလျက်ရှိပြီး ၎င်းအနီးမှမိုင်းထောင်ရာတွင် အသုံးပြုသည့် ဒီတိုနေတာ တစ်ချောင်း၊ အရှည် ၅ ပေခန့် ဝါယာကြိုး နှစ်ချောင်းတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များဝတ်ဆင်၍ တပ်မတော် စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ သတင်းစုံစမ်းခြင်းနှင့် ကျေးရွာများအတွင်း အရပ်သားများအသွင်ဖြင့် ဝင်ရောက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News