ေျမာက္ဦးၿမိဳ႕နယ္ အတြင္း လံုၿခံဳေရး ေဆာင္ရြက္ေနသည့္ တပ္မေတာ္ စစ္ေၾကာင္းအား AA အၾကမ္းဖက္ေသာင္းက်န္း သူမ်ား က ေႏွာင့္ယွက္တုိက္ခုိက္

ေျမာက္ဦးၿမိဳ႕နယ္ အတြင္း လံုၿခံဳေရး ေဆာင္ရြက္ေနသည့္ တပ္မေတာ္ စစ္ေၾကာင္းအား AA အၾကမ္းဖက္ေသာင္းက်န္း သူမ်ား က ေႏွာင့္ယွက္တုိက္ခုိက္

ေနျပည္ေတာ္  ေအာက္တိုဘာ  ၂၁

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္မေတာ္ စစ္ေၾကာင္းသည္ ေအာက္တုိဘာ ၁၉ ရက္ နံနက္ ၆ နာရီ မိနစ္ ၃၀ ခန္႔တြင္  လကၠာ ေက်းရြာအနီးသို႔အေရာက္၌ ရခုိင္ျပည္နယ္  တည္ၿငိမ္ေအးခ်မ္းေရးကို အေႏွာင့္ အယွက္ ျပဳလုပ္လ်က္ရွိသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မ်ားက   ေနရာ သံုးေနရာမွ လက္နက္ႀကီး၊  လက္နက္ငယ္ မ်ားျဖင့္ စတင္ပစ္ခတ္တုိက္ခုိက္ခဲ့သျဖင့္ မိမိဘက္မွ ျပန္လည္ပစ္ခတ္တုိက္ခုိက္ခဲ့ရာ မြန္းလြဲ ၁ နာရီ မိနစ္ ၂၀ ခန္႔တြင္ ေသာင္းက်န္းသူမ်ား    ေျမာက္ဘက္ႏွင့္အေရွ႕ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။

ျဖစ္စဥ္တြင္ AA အၾကမ္းဖက္ေသာင္း က်န္းသူအဖြဲ႕မွ အားကစား အက်ႌ၊ ေဘာင္းဘီမ်ား၀တ္ဆင္ထားသည့္  အေလာင္း ကိုးေလာင္း၊ အမ္(၂၂)ေသနတ္ေျခာက္လက္၊ ၎က်ည္ ၅၂၄ ေတာင့္၊ က်ည္အိမ္မ်ဳိးစံု ၂၆ ခု၊ လက္ပစ္ဗံုးခုနစ္လံုး၊ အီနာဂါဗံုးသီး တစ္လံုးႏွင့္ ဆက္စပ္ပစၥည္းမ်ားသိမ္းပုိက္ ရရွိခဲ့ၿပီး မိမိဘက္မွ အရာရွိ၊ စစ္သည္တခ်ဳိ႕ က်ဆံုး၊ ထိခုိက္ ဒဏ္ရာ ရရွိခဲ့သည္။

တပ္မေတာ္အေနျဖင့္ ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစုိးမုိးေရးႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ား၏ ရခုိင္ျပည္နယ္အတြင္း ဥပေဒမဲ့ အၾကမ္းဖက္လုပ္ရပ္မ်ားေဆာင္ရြက္ေနမႈအား   ကာကြယ္တားဆီးေရးတုိ႔ အတြက္  ေဒသခံျပည္သူမ်ားႏွင့္ပူးေပါင္းၿပီး နယ္ေျမ လံုၿခံဳေရးလုပ္ငန္းမ်ား     ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မြောက်ဦးမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်း သူများ က နှောင့်ယှက်တိုက်ခိုက်

နေပြည်တော်  အောက်တိုဘာ  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင်  လက္ကာ ကျေးရွာအနီးသို့အရောက်၌ ရခိုင်ပြည်နယ်  တည်ငြိမ်အေးချမ်းရေးကို အနှောင့် အယှက် ပြုလုပ်လျက်ရှိသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက   နေရာ သုံးနေရာမှ လက်နက်ကြီး၊  လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် သောင်းကျန်းသူများ    မြောက်ဘက်နှင့်အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့မှ အားကစား အင်္ကျီ၊ ဘောင်းဘီများဝတ်ဆင်ထားသည့်  အလောင်း ကိုးလောင်း၊ အမ်(၂၂)သေနတ်ခြောက်လက်၊ ၎င်းကျည် ၅၂၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၆ ခု၊ လက်ပစ်ဗုံးခုနစ်လုံး၊ အီနာဂါဗုံးသီး တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက် ရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှုအား   ကာကွယ်တားဆီးရေးတို့ အတွက်  ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး နယ်မြေ လုံခြုံရေးလုပ်ငန်းများ     ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Recent News