ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း လာအိုႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုး၊ စစ္သံ႐ုံးမိသားစုမ်ားအား ေတြ႕ဆုံ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း လာအိုႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုး၊ စစ္သံ႐ုံးမိသားစုမ်ားအား ေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တိုဘာ - ၂၂

လာအိုျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံသို႕ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း သည္ အဖြဲ႕၀င္မ်ား လုိက္ပါလ်က္ ေအာက္တုိဘာ ၂၁ ရက္ ညပိုင္းတြင္ လာအိုႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)႐ံုးသုိ႔ သြားေရာက္၍  ျမန္မာသံ႐ံုး၊ စစ္သံ႐ံုး မိသားစု၀င္မ်ား၊ သင္တန္းသားမ်ားအား ေတြ႕ဆံုအမွွာစကား ေျပာၾကားသည္။

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕၀င္မ်ားအား လာအိုႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးကိုကိုႏိုင္ႏွင့္ ဇနီး၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ ေလ) ဗိုလ္မွဴးခ်ဳပ္ ေက်ာ္စိုးမင္းႏွင့္ဇနီး၊ ျမန္မာသံ႐ံုး၊ စစ္သံ႐ုံး မိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသား အရာရွိမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) က ျမန္မာသံ႐ံုး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ သင္တန္းသားမ်ားအား ေတြ႕ဆုံ၍ ခ်စ္ၾကည္ေရး ခရီးစဥ္လာေရာက္ရသည့္ ရည္ရြယ္ခ်က္၊ ႏွစ္ႏိုင္ငံ အစိုးရႏွင့္တပ္မေတာ္အၾကား ဆက္ဆံေရးအေျခအေန၊ ႏိုင္ငံႏွင့္ တပ္မေတာ္အတြက္ တာ၀န္ေက်ပြန္စြာထမ္းေဆာင္ ႏုိင္ေရး ေဆြးေႏြးမွာၾကားခဲ့ၿပီး မိသားစုမ်ား၏ ပညာေရး၊ က်န္းမာေရး အေျခအေနမ်ား အားလည္းေကာင္း၊ သင္တန္းသားတပ္မေတာ္အရာရွိမ်ားအား ဘာသာစကားသင္တန္း ဆိုင္ရာ တက္ေရာက္ေနမႈအေျခအေနမ်ားအားလည္းေကာင္း ေမးျမန္း၍ လိုအပ္သည္မ်ား ေပါင္းစပ္ၫႇိႏိႈင္း အားေပးစကားေျပာၾကားခဲ့သည္။

ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)က ျမန္မာသံ႐ံုး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ရာ သံအမတ္ႀကီး၊ စစ္သံမွဴးႏွင့္  သံ႐ံုး၊ စစ္သံ႐ုံးမိသားစုမ်ား၊ သင္တန္းသား အရာရွိမ်ားက  လက္ခံရယူၾက သည္။ ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အဖြဲ႕၀င္မ်ားအား ျမန္မာသံ႐ံုး၊စစ္သံ႐ုံးမိသားစုမ်ားက ညစာျဖင့္တည္ခင္းဧည့္ခံၾကသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္အဖြဲ႕၀င္မ်ားသည္ မဲေခါင္ျမစ္ကမ္းေဘးရွိ ညေစ်းတန္းသို႔ သြားေရာက္ ၾကည့္႐ႈ ေလ့လာခဲ့ၾကေၾကာင္းသတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများအား တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၂၂

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များ လိုက်ပါလျက် အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးသို့ သွားရောက်၍  မြန်မာသံရုံး၊ စစ်သံရုံး မိသားစုဝင်များ၊ သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမင်းနှင့်ဇနီး၊ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသား အရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံ၍ ချစ်ကြည်ရေး ခရီးစဉ်လာရောက်ရသည့် ရည်ရွယ်ချက်၊ နှစ်နိုင်ငံ အစိုးရနှင့်တပ်မတော်အကြား ဆက်ဆံရေးအခြေအနေ၊ နိုင်ငံနှင့် တပ်မတော်အတွက် တာဝန်ကျေပွန်စွာထမ်းဆောင် နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး မိသားစုများ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေများ အားလည်းကောင်း၊ သင်တန်းသားတပ်မတော်အရာရှိများအား ဘာသာစကားသင်တန်း ဆိုင်ရာ တက်ရောက်နေမှုအခြေအနေများအားလည်းကောင်း မေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများ အတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့်  သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသား အရာရှိများက  လက်ခံရယူကြ သည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များအား မြန်မာသံရုံး၊စစ်သံရုံးမိသားစုများက ညစာဖြင့်တည်ခင်းဧည့်ခံကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် မဲခေါင်မြစ်ကမ်းဘေးရှိ ညဈေးတန်းသို့ သွားရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။

Recent News