




(Unicode Version)

ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)ဗိုလ်လောင်း လျှောက်လွှာများ အချိန်မီ ပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး)ဗိုလ်လောင်း လျှောက် လွှာ များအား  ၁၁-၉-၂၀၁၉  ရက်နေ့မှစ၍  ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်  တိုင်းစစ်ဌာန ချုပ်များတွင် အခမဲ့ ထုတ်ပေးလျက်ရှိရာ ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် လျှောက်လွှာများပိတ်သိမ်း မည်ဖြစ်ပါသဖြင့် လျှောက်လွှာ ထုတ်ယူလိုသူများ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင်  သွားရောက်ထုတ်ယူနိုင် ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထားသူများအနေဖြင့်လည်း   ဗိုလ်လောင်းလျှောက်လွှာများအား   မိမိတို့လျှောက်လွှာ ထုတ်ယူ ရရှိသည့်  ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် တိုင်းစစ်ဌာနချုပ်များသို့   လျှောက်လွှာ ပိတ်ရက် မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန်  အသိပေးနှိုးဆော်အပ်ပါသည်။ အသေးစိတ်သိရှိ လိုပါက  စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်းနံပါတ်  ၀၃၆-၃၀၃၃၁၊ ၀၃၆-၃၀၃၃၈)သို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စစ်ရာထူး ခန့်ချုပ်ရုံး

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)

 

 

 

 

Recent News