ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ ဆန္ဟိုင္းရြာ၊ထန္တီးလိႈဏ္ဂူသို႔ေလ့လာ၊ လာအိုျပည္သူ႔ဒီမိုကရက္တစ္သမၼတႏိုင္ငံမွ ျပန္လည္ေရာက္ရွိ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ လာအိုလက္မႈပစၥည္း ထုတ္လုပ္သည့္ Xang Hai (ဆန္ဟိုင္းရြာ)၊Than Ting (ထန္တီး) လိႈဏ္ဂူသို႔ သြားေရာက္ေလ့လာ၊ လာအိုျပည္သူ႔ဒီမိုကရက္တစ္သမၼတႏိုင္ငံမွ ျပန္လည္ ေရာက္ရွိ

ေနျပည္ေတာ္၊ ေအာက္တိုဘာ- ၂၅

လာအုိျပည္သူ႕ ဒီမုိကရက္တစ္ သမၼတႏိုင္ငံသို႕ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ႏွင့္အဖြဲ႕၀င္မ်ားသည္ ယေန႔နံနက္ပိုင္းတြင္ လာအိုလက္မႈ ပစၥည္း ထုတ္လုပ္သည့္ Xang Hai (ဆန္ဟိုင္းရြာ)၊ ေန႔လယ္ပိုင္းတြင္ Than Ting (ထန္တီး) လႈိဏ္ဂူသို႔ မဲေခါင္ျမစ္ အတုိင္း ေရေၾကာင္းခရီး သြားေရာက္ေလ့လာ ၾကည့္႐ႈၾကရာ တာ၀န္ရွိ သူမ်ားမွ လိုက္ပါရွင္းလင္း ျပသေပးၾကပါသည္။ အဆိုပါ ဆန္ဟိုင္းရြာမွာ လြန္ပရာဘန္ၿမဳိ႕မွ ၁၇ ကီလိုမီတာအကြာရွိၿပီး ေရေၾကာင္းခရီးျဖင့္ တစ္နာရီခန္႔ သြားရကာ အိမ္ေျခ ၇၅ လုံးရွိၿပီး တစ္ရြာလုံးမွာ ခရီးသြားဧည့္သည္မ်ားအတြက္ လာအို႐ိုးရာ ၀တ္စုံမ်ားအား ကိုယ္တုိင္ယက္လုပ္ျပသ၍ လည္းေကာင္း၊အရက္ခ်က္လုပ္မႈ ျပသ၍လည္းေကာင္း ခရီးသြားဆြဲေဆာင္မႈ လုပ္ငန္းတစ္ခု ျဖစ္သလို လြန္ပရာဘန္ၿမဳိ႕မွ ၂၅ ကီလိုမီတာအကြာရွိ ထန္တီး သဘာ၀လႈိဏ္ဂူ မ်ားလည္း ေရေၾကာင္း ခရီးျဖင့္ ၁ နာရီ ၃၀ မိနစ္ခန္႔ သြားလာရၿပီး ခရီးသြားလုပ္ငန္း ဆြဲေဆာင္မႈတစ္ခုအျဖစ္ ထင္ရွားေသာ ေနရာမ်ား ျဖစ္ပါသည္။ လာအိုျပည္ သူမ်ား အေနျဖင့္ လည္း မိမိေန႔နံအလိုက္ထု လုပ္ထားသည့္ ဗုဒၶ ႐ုပ္ပြားေတာ္မ်ားအား လာေရာက္ ထားရွိျခင္းအားျဖင့္ ဗုဒၶဘာသာ သာသနာျပန္႔ပြားေစျခင္း၊ အသက္ရွည္ က်န္းမာစီးပြားတိုးတက္ျခင္း ျဖစ္ေစသည္ဟု ယုံၾကည္မႈအရ ရာသီ မေရြး လာေရာက္လည္ပတ္ၾကသည့္ ေနရာျဖစ္ေၾကာင္း သိရွိရပါသည္။ ၎အျပင္ ၂၀၂၂ ခုႏွစ္တြင္ ဖြင့္လွစ္မည့္ တ႐ုတ္ႏွင့္ လာအို ႏွစ္ႏိုင္ငံ ဆက္သြယ္သည့္ အျမန္ရထားလမ္း ပါရွိေသာ ေဆာက္လုပ္ဆဲ မဲေခါင္ျမစ္ကူး တံတား တစ္စင္းကိုလည္း ေတြ႕ရွိရသည္။

ထို႔ေနာက္ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ အဖြဲ႕၀င္မ်ားသည္ မြန္းလြဲပိုင္းတြင္ လြန္ပရာဘန္ျပည္နယ္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွ ထြက္ခြာၾကရာ လြန္ပရာဘန္ျပည္နယ္ စစ္ဌာနခ်ဳပ္ ႐ုံးအဖြဲ႕ အႀကီးအကဲ Lieutenant Colonel Vilai Sin Mid Taphon၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ ေက်ာ္စိုးမင္းႏွင့္ တာ၀န္ရွိသူမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾက သည္။

ယင္းေနာက္ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကိုယ္စား လွယ္အဖြဲ႕သည္ ညေနပိုင္းတြင္ ေနျပည္ေတာ္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ေရာက္ရွိၾကရာ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ျမန္မာႏိုင္ငံ ဆုိင္ရာ လာအိုသံ႐ုံးမွ သံ႐ုံးဒုတိယ အႀကီးအကဲ Mr. Somphay WONGMAHCHAK ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္ တြင္ ႀကဳိဆို ႏႈတ္ဆက္ၾကသည္။

အဖြဲ႕၀င္မ်ားအျဖစ္ လုိက္ပါသြားၾကေသာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၏ ဇနီး ေဒၚသန္းသန္းႏြယ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီး မ်ား ျပန္လည္လုိက္ပါ လာခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုလက်မှုပစ္စည်းထုတ်လုပ်သည့်Xang Hai (ဆန်ဟိုင်းရွာ)၊Than Ting (ထန်တီး) လှိုဏ်ဂူသို့သွားရောက်လေ့လာ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြန်လည် ရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာ- ၂၅

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လာအိုလက်မှု ပစ္စည်း ထုတ်လုပ်သည့် Xang Hai (ဆန်ဟိုင်းရွာ)၊ နေ့လယ်ပိုင်းတွင် Than Ting (ထန်တီး) လှိုဏ်ဂူသို့ မဲခေါင်မြစ် အတိုင်း ရေကြောင်းခရီး သွားရောက်လေ့လာ ကြည့်ရှုကြရာ တာဝန်ရှိ သူများမှ လိုက်ပါရှင်းလင်း ပြသပေးကြပါသည်။ အဆိုပါ ဆန်ဟိုင်းရွာမှာ လွန်ပရာဘန်မြို့မှ ၁၇ ကီလိုမီတာအကွာရှိပြီး ရေကြောင်းခရီးဖြင့် တစ်နာရီခန့် သွားရကာ အိမ်ခြေ ၇၅ လုံးရှိပြီး တစ်ရွာလုံးမှာ ခရီးသွားဧည့်သည်များအတွက် လာအိုရိုးရာ ဝတ်စုံများအား ကိုယ်တိုင်ယက် လုပ်ပြသ၍ လည်းကောင်း၊အရက်ချက်လုပ်မှု ပြသ၍လည်းကောင်း ခရီးသွားဆွဲဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သလို လွန်ပရာဘန်မြို့မှ ၂၅ ကီလိုမီတာအကွာရှိ ထန်တီး သဘာဝလှိုဏ်ဂူ များလည်း ရေကြောင်း ခရီးဖြင့် ၁ နာရီ ၃၀ မိနစ်ခန့် သွားလာရပြီး ခရီးသွားလုပ်ငန်း ဆွဲဆောင်မှုတစ်ခုအဖြစ် ထင်ရှားသော နေရာများ ဖြစ်ပါသည်။ လာအိုပြည် သူများ အနေဖြင့် လည်း မိမိနေ့နံအလိုက်ထု လုပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတော်များအား လာရောက် ထားရှိခြင်းအားဖြင့် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားစေခြင်း၊ အသက်ရှည် ကျန်းမာစီးပွား တိုးတက်ခြင်း ဖြစ်စေသည်ဟု ယုံကြည်မှု အရ ရာသီ မရွေး လာရောက်လည်ပတ်ကြသည့် နေရာဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းအပြင် ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မည့် တရုတ်နှင့် လာအို နှစ်နိုင်ငံ ဆက်သွယ်သည့် အမြန်ရထားလမ်း ပါရှိသော ဆောက်လုပ်ဆဲ မဲခေါင်မြစ်ကူး တံတား တစ်စင်းကိုလည်း တွေ့ရှိရသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် လွန်ပရာဘန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြရာ လွန်ပရာဘန်ပြည်နယ် စစ်ဌာနချုပ် ရုံးအဖွဲ့ အကြီးအကဲ Lieutenant Colonel Vilai Sin Mid Taphon၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြ သည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုသံရုံးမှ သံရုံးဒုတိယ အကြီးအကဲ Mr. Somphay WONGMAHCHAK နှင့် တာဝန်ရှိသူများက လေဆိပ် တွင် ကြိုဆို နှုတ်ဆက်ကြသည်။

အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များ ပြန်လည်လိုက်ပါ လာခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News