ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္း ပင္ေလာင္းၿမိဳ႔နယ္ရွိ နယ္ေျမခံေလ့က်င္႕ေရးေက်ာင္း၌ သင္တန္း တက္ေရာက္ေနေသာ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား ေတြ႔ဆံုအမွာစကား ေျပာၾကား

ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္း ပင္ေလာင္းၿမိဳ႔နယ္ရွိ နယ္ေျမခံေလ့က်င္႕ေရးေက်ာင္း၌ သင္တန္း တက္ေရာက္ေနေသာ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား ေတြ႔ဆံုအမွာစကား ေျပာၾကား

ေနျပည္ေတာ္  ေအာက္တိုဘာ  ၂၅

ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းသည္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္ရွိ နယ္ေျမခံ ေလ့က်င့္ေရးေက်ာင္း၌ သင္တန္း တက္ေရာက္ေနေသာ တကၠသိုလ္ ေလ့က်င့္ေရး တပ္မွ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ သြားေရာက္ ေတြ႕ဆံုသည္။

ဦးစြာ ျပည္ေထာင္စုဝန္ႀကီးႏွင့္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ လင္းေအာင္တို႔က အမွာစကားမ်ား ေျပာၾကားသည္။ ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ တုိင္းမွဴးတို႔က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ကာ ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္သည္။

အဆိုပါ အခမ္းအနားသို႔ ျပည္ေထာင္စု ဝန္ႀကီးႏွင့္အတူ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ နယ္ေျမခံေလ့က်င့္ေရး ေက်ာင္းမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသား၊ သင္တန္းသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။   

(Unicode Version)

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ပင်လောင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ သင်တန်း တက်ရောက်နေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်  အောက်တိုဘာ  ၂၅

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်း၌ သင်တန်း တက်ရောက်နေသော တက္ကသိုလ် လေ့ကျင့်ရေး တပ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် သွားရောက် တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်တို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့က ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် နယ်မြေခံလေ့ကျင့်ရေး ကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။   

 

Recent News