ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္း ရမည္းသင္းၿမိဳ႕နယ္ရွိ နယ္ေျမခံေလ့က်င့္ေရး ေက်ာင္း၌ သင္တန္းတက္ေရာက္ေနေသာ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖြဲ႔ဝင္ဆရာ၊ ဆရာမမ်ားႏွင့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေတြ႔ဆံုအမွာစကား ေျပာၾကား

ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္း ရမည္းသင္းၿမိဳ႕နယ္ရွိ နယ္ေျမခံေလ့က်င့္ေရး ေက်ာင္း၌ သင္တန္းတက္ေရာက္ေနေသာ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖြဲ႔ဝင္ဆရာ၊ ဆရာမမ်ားႏွင့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေတြ႔ဆံုအမွာစကား ေျပာၾကား

ေနျပည္ေတာ္  ေအာက္တိုဘာ  ၂၆

ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္းသည္ မႏၲေလးတုိင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္ရွိ နယ္ေျမခံေလ့က်င့္ေရးေက်ာင္း၌ သင္တန္းတက္ေရာက္ေနေသာ တကၠသိုလ္ေလ့က်င့္ေရးတပ္မွ တပ္ဖြဲ႕ဝင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အဆုိပါ ေလ့က်င့္ေရး ေက်ာင္းရွိ ေအာင္ခ်မ္းသာခန္းမ၌ သြားေရာက္ေတြ႕ဆံုသည္။

ဦးစြာ ျပည္ေထာင္စုဝန္ႀကီးက အမွာ စကားေျပာၾကားသည္။    ထုိ႔ေနာက္ျပည္ေထာင္စုဝန္ႀကီးက  သင္တန္းသား၊ သင္တန္းသူ မ်ားအတြက္   စားေသာက္ဖြယ္ရာမ်ားေပးအပ္ကာ ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္သည္။

အဆိုပါ အခမ္းအနားသို႔ ျပည္ေထာင္စု ဝန္ႀကီးႏွင့္အတူ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္  တုိင္းမွဴး ဗိုလ္ခ်ဳပ္ေက်ာ္စြာလင္း၊ ျပည္သူ႔စစ္ႏွင့္ နယ္ျခားတပ္မ်ားၫႊန္ၾကားေရးမွဴး႐ံုး ၫႊန္ၾကားေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေအာင္ပုိင္ဦး၊ နယ္ေျမခံေလ့က်င့္ေရး ေက်ာင္းမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသား၊ သင္တန္းသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေး ကျောင်း၌ သင်တန်းတက်ရောက်နေသော တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်  အောက်တိုဘာ  ၂၆

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ သင်တန်းတက်ရောက်နေသော တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါ လေ့ကျင့်ရေး ကျောင်းရှိ အောင်ချမ်းသာခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားသည်။    ထို့နောက်ပြည်ထောင်စုဝန်ကြီးက  သင်တန်းသား၊ သင်တန်းသူ များအတွက်   စားသောက်ဖွယ်ရာများပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်ပိုင်ဦး၊ နယ်မြေခံလေ့ကျင့်ရေး ကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News