ဂူတာျပင္ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ စစ္တရား႐ံုး (Court-Martial) ျဖင့္စစ္ေဆးစီရင္ႏုိင္ေရး စတင္ေဆာင္ရြက္လ်က္ရွိ 

ဂူတာျပင္ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ စစ္တရား႐ံုး (Court-Martial) ျဖင့္စစ္ေဆးစီရင္ႏုိင္ေရး စတင္ေဆာင္ရြက္လ်က္ရွိ 

တပ္မေတာ္အက္ဥပေဒ (The Defence Services Act)၊ တပ္မေတာ္နည္းဥပေဒမ်ား (The Defence Services Rules) ႏွင့္အညီဖြဲ႕စည္းခဲ့သည့္ ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ဥကၠ႒အျဖစ္ဦးေဆာင္ေသာ စံုစမ္းစစ္ေဆးေရးခံု႐ံုး (Court of Inquiry) ၏ စစ္ေဆး ေတြ႕ရွိခ်က္အရ ဂူတာျပင္ေက်းရြာျဖစ္စဥ္အခ်ဳိ႕တြင္ စစ္တရား႐ံုးျဖင့္ စစ္ေဆးစီရင္သင့္သည္ဟု စံုစမ္းစစ္ေဆးေရးခံု႐ံုးက ထင္ျမင္ ယူဆခ်က္ေပးခဲ့သည့္ ျဖစ္စဥ္အခ်ဳိ႕ရွိခဲ့ပါသည္။ 

  
ယင္းျဖစ္စဥ္တုိ႔အေပၚ စစ္တရား႐ံုးျဖင့္ စစ္ေဆးစီရင္ႏုိင္ေရးအတြက္ စစ္ဘက္တရားစီရင္ေရး၏လုပ္ငန္းစဥ္မ်ား (Process of Military Justice) အတုိင္း စတင္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရပါသည္။ ယင္းသို႔ေဆာင္ရြက္ရာတြင္သက္ေသခံအက်ဥ္းခ်ဳပ္ (Summary of Evidence) ေရးမွတ္ယူျခင္းကုိ ေဆာင္ရြက္လ်က္ရွိၿပီး ဥပေဒအႀကံျပဳခ်က္ေတာင္းခံျခင္း၊ စစ္တရား႐ံုးဖြဲ႕ စည္းျခင္းႏွင့္ စစ္တရား႐ံုးျဖင့္ စစ္ေဆးစီရင္ျခင္းမ်ားကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရပါသည္။ 

  
စံုစမ္းစစ္ေဆးေရးခံု႐ံုးအေနျဖင့္လည္း လုိအပ္သည့္စံုစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း စစ္ဥပေဒ ခ်ဳပ္႐ံုးမွ သတင္းရရွိပါသည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ 

 

(Unicode Version)

 

ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်တရားရုံး (Court-Martial) ဖြင့်စစ်ဆေးစီရင်နိုင်ရေး စတင်ဆောင်ရွက်လျက်ရှိ 

တပ်မတော်အက်ဥပဒေ (The Defence Services Act)၊ တပ်မတော်နည်းဥပဒေများ (The Defence Services Rules) နှင့်အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော်ဥက္ကဋ္ဌအဖြစ်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ၏ စစ်ဆေး တွေ့ရှိချက်အရ ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု စုံစမ်းစစ်ဆေးရေးခုံရုံးက ထင်မြင် ယူဆချက်ပေးခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့ပါသည်။ 

ယင်းဖြစ်စဉ်တို့အပေါ် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ရေးအတွက် စစ်ဘက်တရားစီရင်ရေး၏လုပ်ငန်းစဉ်များ (Process of Military Justice) အတိုင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင်သက်သေခံအကျဉ်းချုပ် (Summary of Evidence) ရေးမှတ်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး ဥပဒေအကြံပြုချက်တောင်းခံခြင်း၊ စစ်တရားရုံးဖွဲ့ စည်းခြင်းနှင့် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

စုံစမ်းစစ်ဆေးရေးခုံရုံးအနေဖြင့်လည်း လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေ ချုပ်ရုံးမှ သတင်းရရှိပါသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  

Recent News