ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ဆြစ္ဇာလန္ႏိုင္ငံ၊ Federal Department of Foreign Affairs မွ Senior Mediator ျဖစ္သူႏွင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီး တုိ႔ႏွင့္

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ဆြစ္ဇာလန္ႏိုင္ငံ၊ Federal Department of Foreign Affairs မွ Senior Mediator ျဖစ္သူႏွင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီး တုိ႔ႏွင့္ ေတြ႕ဆုံေဆြးေႏြး 

ေနျပည္ေတာ္၊ ေအာက္တိုဘာ - ၃၀ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ဆြစ္ဇာလန္ႏိုင္ငံ၊ Federal Department of Foreign Affairs မွ Senior Mediator ျဖစ္သူ Dr. Julian Thomas Hottinger ႏွင့္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံဆိုင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr. Tim Enderlin ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕ႏွင့္ ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာ၌ ေတြ႕ဆုံေဆြးေႏြးသည္။ 

ဦးစြာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီးႏွင့္ NCA လက္မွတ္ေရးထုိးျခင္း(၄)ႏွစ္ျပည့္ အထိမ္းအမွတ္အခမ္းအနား ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့မႈအေျခအေနမ်ား၊ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရးေကာ္မရွင္၏ ေဆာင္ရြက္ခ်က္ မ်ားအေပၚ တပ္မေတာ္အေနျဖင့္ တာ၀န္ယူမႈ၊ တာ၀န္ခံမႈအျပည့္အ၀ျဖင့္ ပူးေပါင္းေဆာင္ရြက္ေနမႈ အေျခ အေနမ်ား၊ ျမန္မာ့တပ္မေတာ္မွ အရာရွိႀကီးမ်ားအား ဆြစ္ဇာလန္ႏိုင္ငံသို႔ ေခါင္းေဆာင္စီမံခန္႔ခြဲမႈႏွင့္ ၿငိမ္းခ်မ္း ေရးဆုိင္ရာ သင္တန္းအတြက္ဆြစ္ဇာလန္ႏိုင္ငံမွစီစဥ္ေနမႈ အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာ ေဆြးေႏြးၾကသည္။ 

ယင္းေနာက္ ဆြစ္ဇာလန္ႏိုင္ငံ၊ Federal Department of Foreign Affairs မွ Senior Mediator ျဖစ္သူ Dr. Julian Thomas Hottinger ႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေစရန္ ႏိုင္ငံတကာက က်င့္သံုးေဆာင္ရြက္ လ်က္ရွိသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ အေတြ႕အႀကံဳမ်ား၊ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။ 

ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဆြစ္ဇာလန္ႏိုင္ငံ၊ Federal Department of Foreign Affairs မွ Senior Mediator ၊ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီး တို႔ႏွင့္အတူ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 
 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ Federal Department of Foreign Affairs မှ Senior Mediator ဖြစ်သူနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး တို့နှင့် တွေ့ဆုံဆွေးနွေး 

နေပြည်တော်၊ အောက်တိုဘာ - ၃၀ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆွစ်ဇာလန်နိုင်ငံ၊ Federal Department of Foreign Affairs မှ Senior Mediator ဖြစ်သူ Dr. Julian Thomas Hottinger နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tim Enderlin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံဆွေးနွေးသည်။ 

ဦးစွာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့် NCA လက်မှတ်ရေးထိုးခြင်း(၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆောင်ရွက်ချက် များအပေါ် တပ်မတော်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေ အနေများ၊ မြန်မာ့တပ်မတော်မှ အရာရှိကြီးများအား ဆွစ်ဇာလန်နိုင်ငံသို့ ခေါင်းဆောင်စီမံခန့်ခွဲမှုနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ သင်တန်းအတွက်ဆွစ်ဇာလန်နိုင်ငံမှစီစဉ်နေမှု အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

ယင်းနောက် ဆွစ်ဇာလန်နိုင်ငံ၊ Federal Department of Foreign Affairs မှ Senior Mediator ဖြစ်သူ Dr. Julian Thomas Hottinger နှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် နိုင်ငံတကာက ကျင့်သုံးဆောင်ရွက် လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ 

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဆွစ်ဇာလန်နိုင်ငံ၊ Federal Department of Foreign Affairs မှ Senior Mediator ၊ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး တို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News