တကၠသိုလ္ ေလ့က်င့္ေရးတပ္မ်ားမွ ၂၀၁၈ -၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရးတပ္ဖြဲ႔၀င္ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ား၏ စခန္းခ် ေလ့က်င့္ေရး သင္တန္းဆင္း ပြဲမ်ားက်င္းပ 

တကၠသိုလ္ ေလ့က်င့္ေရးတပ္မ်ားမွ ၂၀၁၈ -၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရးတပ္ဖြဲ႔၀င္ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ား၏ စခန္းခ် ေလ့က်င့္ေရး သင္တန္းဆင္း ပြဲမ်ားက်င္းပ 

ေနျပည္ေတာ္ ေအာက္တုိဘာ ၃ဝ 

တကၠသိုလ္ ေလ႕က်င္႕ေရးတပ္မ်ားမွ ၂၀၁၈ -၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ ေလ့က်င့္ေရး တပ္ဖြဲ႔၀င္ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ စခန္းခ် ေလ့က်င့္ေရး သင္တန္းဆင္း ပြဲမ်ားက်င္းပ ေနျပည္ေတာ္ ေအာက္တိုဘာ ၃၀ ႏုိင္ငံေတာ္ ကာကြယ္ေရးအတြက္ ေလ့က်င့္သား ျပည့္၀သည့္ ကာကြယ္ေရးအရန္ အင္အားစုအျဖစ္ တည္ေဆာက္ရန္ အတြက္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)၊ ျပည္သူ႔စစ္ႏွင့္ နယ္ျခားတပ္မ်ား ၫႊန္ၾကားေရးမွဴး ႐ံုးကြပ္ကဲမႈေအာက္ တက္ၠသိုလ္ ေလ့က်င့္ေရးတပ္မ်ားမွ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသိုလ္ ေလ့က်င့္ေရးတပ္ဖြဲ႕၀င္ ဆရာ၊ ဆရာမ မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၉၀၂ ဦးအား ေအာက္တိုဘာ ၁ရက္တြင္စခန္းခ် ေလ့က်င့္ေရး သင္တန္းမ်ား ဖြင့္လွစ္၍ ေလ့က်င့္သင္ၾကားေပးခဲ့ၿပီး ယေန႔နံနက္ပုိင္းတြင္ သင္တန္းဆင္းပြဲမ်ားကို ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ဥတၱရ သီရိၿမိဳ႕နယ္၊ ရန္ကုန္တုိင္းေဒသႀကီး တုိက္ႀကီးၿမိဳ႕နယ္၊ မႏၱေလးတုိင္း ေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္၊ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ပင္ေလာင္းၿမိဳ႕နယ္တုိ႔ရွိ နယ္ေျမခံ ေလ့က်င့္ေရး သင္တန္း ေက်ာင္းမ်ား ၌ အသီးသီး ျပဳလုပ္ၾကသည္။ 

သင္တန္းဆင္း ပြဲမ်ားသို႔ သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားမွ တုိင္းမွဴးမ်ား၊ ဒုတိယတုိင္းမွဴးမ်ားႏွင့္ တာ၀န္ရွိသူ၊ သင္တန္းနည္းျပမ်ား၊ တကၠသိုလ္ေလ့က်င့္ေရးတပ္ဖြဲ႕၀င္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားတက္ေရာက္ၾကၿပီး တုိင္းမွဴးမ်ားႏွင့္ ဒုတိယ တုိင္းမွဴးမ်ားကသင္တန္းဆင္း အမွာစကားမ်ားေျပာၾကားၾကသည္။ 

ထုိ႔ေနာက္ သင္တန္းမ်ားအလုိက္ ထူးခၽြန္ဆုရရွိေသာ သင္တန္းသား၊ သင္တန္းသူမ်ား၊ သင္တန္းေအာင္ျမင္စြာ တက္ေရာက္ခဲ့သည့္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တုိင္းမွဴးမ်ားႏွင့္ အဖြဲ႕၀င္မ်ားက သင္တန္းဆင္းေအာင္လက္မွတ္မ်ား အသီးသီး ေပးအပ္ၾကသည္။ 

အဆုိပါ စခန္းခ်ေလ့က်င့္ေရး သင္တန္းမ်ားကို ေအာက္တိုဘာ ၁ရက္မွ ယေန႔အထိ ေလ့က်င့္သင္ၾကား ေပးခဲ့ၿပီး သင္တန္း ကာလအတြင္း စစ္နည္းဗ်ဴဟာ ဘာသာရပ္၊ လက္နက္ငယ္ ဘာသာရပ္မ်ား၊ ကိုယ္စီစစ္ေျမျပင္ကၽြမ္းက်င္မႈဘာသာရပ္ႏွင့္ စစ္ေျမ ျပင္အင္ဂ်င္နီယာ ဘာသာရပ္မ်ားအျပင္ ကုိယ္လက္ႀကံ့ခုိင္မႈေလ့က်င့္ခန္း၊ လက္ေတြ႕ပစ္ခတ္စဥ္ ေလ့က်င့္ခန္းႏွင့္ အတားအဆီးမ်ားျဖတ္ေက်ာ္မႈ ေလ့က်င့္ခန္း တုိ႔ကိုပါ သင္ ၾကားေလ့က်င့္ေပးခဲ့ေၾကာင္း သတင္းရရွိ သည္။ 

(Unicode Version) 

တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ များ၏ စခန်းချ လေ့ကျင့်ရေး သင်တန်းဆင်း ပွဲများကျင်းပ 

နေပြည်တော် အောက်တိုဘာ ၃ဝ 

တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ စခန်းချ လေ့ကျင့်ရေး သင်တန်းဆင်း ပွဲများကျင်းပ နေပြည်တော် အောက်တိုဘာ ၃၀ နိုင်ငံတော် ကာကွယ်ရေးအတွက် လေ့ကျင့်သား ပြည့်ဝသည့် ကာကွယ်ရေးအရန် အင်အားစုအဖြစ် တည်ဆောက်ရန် အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ရုံးကွပ်ကဲမှုအောက် တက်္ကသိုလ် လေ့ကျင့်ရေးတပ်များမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူ ၁၉၀၂ ဦးအား အောက်တိုဘာ ၁ရက်တွင်စခန်းချ လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲများကို နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တို့ရှိ နယ်မြေခံ လေ့ကျင့်ရေး သင်တန်း ကျောင်းများ ၌ အသီးသီး ပြုလုပ်ကြသည်။ 

သင်တန်းဆင်း ပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူ၊ သင်တန်းနည်းပြများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး တိုင်းမှူးများနှင့် ဒုတိယ တိုင်းမှူးများကသင်တန်းဆင်း အမှာစကားများပြောကြားကြသည်။ 

ထို့နောက် သင်တန်းများအလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းအောင်မြင်စွာ တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီး ပေးအပ်ကြသည်။ 

အဆိုပါ စခန်းချလေ့ကျင့်ရေး သင်တန်းများကို အောက်တိုဘာ ၁ရက်မှ ယနေ့အထိ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး သင်တန်း ကာလအတွင်း စစ်နည်းဗျူဟာ ဘာသာရပ်၊ လက်နက်ငယ် ဘာသာရပ်များ၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်နှင့် စစ်မြေ ပြင်အင်ဂျင်နီယာ ဘာသာရပ်များအပြင် ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်း၊ လက်တွေ့ပစ်ခတ်စဉ် လေ့ကျင့်ခန်းနှင့် အတားအဆီးများဖြတ်ကျော်မှု လေ့ကျင့်ခန်း တို့ကိုပါ သင် ကြားလေ့ကျင့်ပေးခဲ့ကြောင်း သတင်းရရှိ သည်။  

Recent News