ေတာင္ႀကီးၿမိဳ႔နယ္ရွိ PNO အသြင္ေျပာင္း ျပည္သူ့စစ္ဌာေန တပ္ဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု 

ေနျပည္ေတာ္ စက္တင္ဘာ ၂၆

 

 ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္ရွိ PNO အသြင္ေျပာင္းျပည္သူ႔စစ္ဌာေန တပ္ဖြဲ႕ဝင္မ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ အတြင္းေရးမွဴး ႏွင့္ ေတာင္ႀကီးခ႐ိုင္ ရဲတပ္ဖြဲ႕မွဴးတို႔က အဆိုပါ PNO အသြင္ေျပာင္း ျပည္သူ႔စစ္ဌာေန ဆက္ဆံေရး႐ံုး၌ သြားေရာက္ေတြ႕ဆံုသည္။

 

 ဦးစြာ တုိင္းမွဴးက အမွာစကားေျပာၾကားၿပီး ျပည္နယ္အတြင္းေရးမွဴးႏွင့္ ေတာင္ႀကီးခ႐ိုင္ ရဲတပ္ဖြဲ႕မွဴးတို႔က လုပ္ငန္းဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ျပည္သူ႔စစ္ဌာေန တပ္ဖြဲ႕ဝင္မ်ား၏ တင္ျပခ်က္ မ်ားအေပၚ ညႇိႏႈိင္းေဆာင္ရြက္ေပးကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တောင်ကြီးမြို့နယ်ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ 

နေပြည်တော် စက်တင်ဘာ ၂၆ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် အတွင်းရေးမှူး နှင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးတို့က အဆိုပါ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ ဆက်ဆံရေးရုံး၌ သွားရောက်တွေ့ဆုံသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်အတွင်းရေးမှူးနှင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News