ကြတ္ခုိင္ၿမိဳ႕နယ္၊ လြယ္ေက်ာက္ေစတီေတာင္ဘုန္းႀကီးေက်ာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သတင္းမွန္ထုတ္ျပန္ 

ကြတ္ခုိင္ၿမိဳ႕နယ္၊ လြယ္ေက်ာက္ေစတီေတာင္ဘုန္းႀကီးေက်ာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သတင္းမွန္ထုတ္ျပန္ 

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ - ၀၁ 

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)ကြတ္ခုိင္ၿမိဳ႕နယ္၊ လြယ္ေက်ာက္ေက်းရြာ၊ လြယ္ေက်ာက္ ေစတီေတာင္ ဘုန္းႀကီး ေက်ာင္းအား ေအာက္တုိဘာလ ၂၈ ရက္ ညေနပုိင္းတြင္ တပ္မေတာ္မွ၀င္ေရာက္၍ အဆုိပါ ဘုန္းႀကီးေက်ာင္းရွိ ဆရာေတာ္ ဦး၀ဏၰိတအား ႐ုိက္ႏွက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းအား သတင္းမီဒီယာအခ်ဳိ႕မွ ေအာက္တို ဘာလ ၃၁ ရက္ေန႔မွစတင္၍ တစ္ဖက္သတ္ေဖာ္ျပခ်က္သတင္းမ်ား ထုတ္လႊင့္ခဲ့သည္ကုိ ေတြ႕ရွိရသည္။ 

ျဖစ္စဥ္အမွန္မွာ ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕၀င္ မ်ားသည္ အဆုိပါ ဘုန္းႀကီးေက်ာင္းအတြင္း၌ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ကြတ္ခုိင္ၿမိဳ႕အား ေႏွာင့္ယွက္ပစ္ခတ္ရန္ အတြက္ လက္နက္/ခဲယမ္းမ်ား သုိ၀ွက္ ထားေၾကာင္း သတင္းအရ ေအာက္တုိဘာ ၂၈ ရက္ ညေနပုိင္းတြင္ တာ၀န္ရွိသူမ်ားႏွင့္ အတူ ၀င္ေရာက္စစ္ေဆးရာ ဆရာေတာ္ ဦး၀ဏၰိတ အား ေတြ႕ရွိရၿပီး ေက်ာင္း၀န္း အတြင္းမွ TNLA ဘက္တံဆိပ္ပါ ယူနီေဖာင္းမ်ား၊ လမ္းေလွ်ာက္စကားေျပာစက္ႏွင့္ ၎ဆရာေတာ္၏ အိပ္ခန္းအတြင္းမွ မူးယစ္ေဆး၀ါးမ်ားႏွင့္ မူးယစ္ေဆး၀ါးသုံးစြဲရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအျပင္ သံဃာ၀တ္ နည္းေတာ္ႏွင့္မညီစြာ အမ်ဳိးသမီးမ်ားႏွင့္ ယွဥ္တြဲ႐ုိက္ကူးထားသည့္ ဓာတ္ပုံမ်ား၊ အရပ္၀တ္ျဖင့္ အမ်ဳိးသမီးမ်ားႏွင့္ ယွဥ္တြဲ႐ုိက္ကူးထားသည့္ ဓာတ္ပုံမ်ား၊ ေျပာက္က်ားယူနီေဖာင္း၀တ္ဆင္၍ ႐ုိက္ထားသည့္ ဓာတ္ပုံမ်ား၊ ဆံပင္တုမ်ားႏွင့္ ညစ္ညမ္းစီဒီေခြမ်ားအား ေတြ႕ရွိရသျဖင့္ လုံၿခဳံေရးအရ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။ 
ထုိကဲ့သုိ႔ စစ္ေဆးစဥ္ ဦး၀ဏၰိတ သည္ မူးယစ္ေဆး၀ါးသုံးစြဲၿပီး ေဆးအရွိန္ တက္သည့္ပုံစံျဖစ္ေနသျဖင့္ မ်က္ႏွာသစ္ျခင္း၊ မ်က္ႏွာအား ေရေလာင္းျခင္းမ်ား ျပဳေစၿပီးမွ စစ္ေဆးခဲ့ရသည္။ စစ္ေဆးေနခ်ိန္၌လည္း စစ္ေဆးသူမ်ားအား ၿခိမ္းေျခာက္ေျပာဆုိျခင္း၊ ဟိန္းေဟာက္ေျပာဆုိျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ စစ္ေဆးသည့္ တာ၀န္ရွိသူမ်ားႏွင့္ အခ်င္းမ်ားခဲ့ရသည္။ ဦး၀ဏၰိတ အား စစ္ေဆးခဲ့ၿပီးေနာက္ တပ္မေတာ္မွ တာ၀န္ရွိ သူမ်ားသည္ ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္ႏွင့္ ၎ထံမွ ရရွိေသာ သံဃာေတာ္ႏွင့္ မအပ္စပ္ေသာပစၥည္းမ်ား၊ ၀ိနည္းႏွင့္ မညီေသာ သက္ေသပစၥည္းမ်ား ဓာတ္ပုံမွတ္တမ္းမ်ားႏွင့္အတူ ကြတ္ခုိင္ ၿမိဳ႕နယ္ သံဃနာယက ဥကၠဌဆရာေတာ္ ဘဒၵႏၲသုနႏၵ ထံသုိ႔ သြားေရာက္ေလွ်ာက္တင္ျပသခဲ့ရာ ဆရာေတာ္မွ အလားတူျဖစ္စဥ္မ်ဳိး ျဖစ္ပြားလာပါက သာသနာညိဳးႏြမ္းေစမႈျဖင့္ တရားစြဲဆုိမည္ဟု ျပန္လည္မိန္႔ၾကားခဲ့ၿပီး တပ္မေတာ္ဘက္ ကုိလည္း ၎ကိစၥမ်ဳိး ျဖစ္ပြားလာပါက သက္ဆုိင္ရာ သံဃအဖြဲ႕အစည္းထံ ဦးစြာတုိင္ၾကားရန္ႏွင့္ ကုိယ္ထိ လက္ေရာက္ေဆာင္ရြက္ျခင္းမ်ားမျပဳရန္ မိန္႔ဆုိခဲ့သည္။ 

ထုိ႔အျပင္ ဦး၀ဏၰိတ ထံမွရရွိေသာ သံဃာေတာ္ႏွင့္ မအပ္စပ္ေသာပစၥည္းမ်ား၊ အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားႏွင့္ ဆက္စပ္မႈရွိႏုိင္ေသာ ပစၥည္းမ်ား၊ မွတ္တမ္း ဓာတ္ပုံမ်ားအား ကြတ္ခုိင္ၿမိဳ႕၊ ပေလာင္ယဥ္ေက်း မႈအဖြဲ႕အားလည္း ေခၚယူျပသအသိေပးခဲ့သည္။ 

တပ္မေတာ္အေနျဖင့္ ၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ လိုအပ္သည့္စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး စစ္စည္းကမ္းဆုိင္ရာ လုိက္နာမႈအားနည္းျခင္းမ်ား ေတြ႕ရွိရပါက လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

ကွတ်ခိုင်မြို့နယ်၊ လွယ်ကျောက်စေတီတောင်ဘုန်းကြီးကျောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမှန်ထုတ်ပြန် 

နေပြည်တော်၊ နိုဝင်ဘာ - ၀၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်၊ လွယ်ကျောက်ကျေးရွာ၊ လွယ်ကျောက် စေတီတောင် ဘုန်းကြီး ကျောင်းအား အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းတွင် တပ်မတော်မှဝင်ရောက်၍ အဆိုပါ ဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးဝဏ္ဏိတအား ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းအား သတင်းမီဒီယာအချို့မှ အောက်တို ဘာလ ၃၁ ရက်နေ့မှစတင်၍ တစ်ဖက်သတ်ဖော်ပြချက်သတင်းများ ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရသည်။ 

ဖြစ်စဉ်အမှန်မှာ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် အဆိုပါ ဘုန်းကြီးကျောင်းအတွင်း၌ TNLA အကြမ်းဖက်သောင်းကျန်းသူများ ကွတ်ခိုင်မြို့အား နှောင့်ယှက်ပစ်ခတ်ရန် အတွက် လက်နက်/ခဲယမ်းများ သိုဝှက် ထားကြောင်း သတင်းအရ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ ဝင်ရောက်စစ်ဆေးရာ ဆရာတော် ဦးဝဏ္ဏိတ အား တွေ့ရှိရပြီး ကျောင်းဝန်း အတွင်းမှ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်းများ၊ လမ်းလျှောက်စကားပြောစက်နှင့် ၎င်းဆရာတော်၏ အိပ်ခန်းအတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် သံဃာဝတ် နည်းတော်နှင့်မညီစွာ အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ အရပ်ဝတ်ဖြင့် အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ပြောက်ကျားယူနီဖောင်းဝတ်ဆင်၍ ရိုက်ထားသည့် ဓာတ်ပုံများ၊ ဆံပင်တုများနှင့် ညစ်ညမ်းစီဒီခွေများအား တွေ့ရှိရသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 
ထိုကဲ့သို့ စစ်ဆေးစဉ် ဦးဝဏ္ဏိတ သည် မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးအရှိန် တက်သည့်ပုံစံဖြစ်နေသဖြင့် မျက်နှာသစ်ခြင်း၊ မျက်နှာအား ရေလောင်းခြင်းများ ပြုစေပြီးမှ စစ်ဆေးခဲ့ရသည်။ စစ်ဆေးနေချိန်၌လည်း စစ်ဆေးသူများအား ခြိမ်းခြောက်ပြောဆိုခြင်း၊ ဟိန်းဟောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် စစ်ဆေးသည့် တာဝန်ရှိသူများနှင့် အချင်းများခဲ့ရသည်။ ဦးဝဏ္ဏိတ အား စစ်ဆေးခဲ့ပြီးနောက် တပ်မတော်မှ တာဝန်ရှိ သူများသည် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ၎င်းထံမှ ရရှိသော သံဃာတော်နှင့် မအပ်စပ်သောပစ္စည်းများ၊ ဝိနည်းနှင့် မညီသော သက်သေပစ္စည်းများ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ကွတ်ခိုင် မြို့နယ် သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တသုနန္ဒ ထံသို့ သွားရောက်လျှောက်တင်ပြသခဲ့ရာ ဆရာတော်မှ အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲဆိုမည်ဟု ပြန်လည်မိန့်ကြားခဲ့ပြီး တပ်မတော်ဘက် ကိုလည်း ၎င်းကိစ္စမျိုး ဖြစ်ပွားလာပါက သက်ဆိုင်ရာ သံဃအဖွဲ့အစည်းထံ ဦးစွာတိုင်ကြားရန်နှင့် ကိုယ်ထိ လက်ရောက်ဆောင်ရွက်ခြင်းများမပြုရန် မိန့်ဆိုခဲ့သည်။ 

ထို့အပြင် ဦးဝဏ္ဏိတ ထံမှရရှိသော သံဃာတော်နှင့် မအပ်စပ်သောပစ္စည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ များနှင့် ဆက်စပ်မှုရှိနိုင်သော ပစ္စည်းများ၊ မှတ်တမ်း ဓာတ်ပုံများအား ကွတ်ခိုင်မြို့၊ ပလောင်ယဉ်ကျေး မှုအဖွဲ့အားလည်း ခေါ်ယူပြသအသိပေးခဲ့သည်။ 

တပ်မတော်အနေဖြင့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်စည်းကမ်းဆိုင်ရာ လိုက်နာမှုအားနည်းခြင်းများ တွေ့ရှိရပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Recent News