တုိင္းျပည္၏အားသည္ ျပည္တြင္းမွာသာရွိၿပီး စည္းလုံးညီၫြတ္မႈကသာလ်င္ ယေန႕ ႏုိင္ငံ၏ ပကတိလုိအပ္ ခ်က္ျဖစ္ေသာ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳး တုိးတက္ေရးကို ေဆာင္ၾကဥ္းႏုိင္မည္ 

တုိင္းျပည္၏အားသည္ ျပည္တြင္းမွာသာရွိၿပီး စည္းလုံးညီၫြတ္မႈကသာလ်င္ ယေန႕ ႏုိင္ငံ၏ ပကတိလုိအပ္ ခ်က္ျဖစ္ေသာ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳး တုိးတက္ေရးကို ေဆာင္ၾကဥ္းႏုိင္မည္ 

ေနျပည္ေတာ္၊ ႏိုဝင္ဘာ - ၃ 

ျမန္မာႏုိင္ငံ၏သမုိင္းတြင္ မိမိတုိ႕သည္ သက္ဆုိင္ရာက႑အသီးသီးမွ အမိ ျမန္မာႏုိင္ငံေတာ္ႀကီး တုိးတက္ေရး အတြက္ ေဆာင္ရြက္ခဲ့ၾကပါေၾကာင္း၊ ယုံၾကည္မႈ၊ သဒၶါ သည္ကပင္ စည္းလုံးညီၫြတ္သည့္စြမ္းအား၊ စည္းလုံး ညီၫြတ္သည့္ ရဲစြမ္းသတိၱကုိ ျဖစ္ေပၚေစမည္ျဖစ္ပါေၾကာင္း၊ တုိင္းျပည္၏အားသည္ ျပည္တြင္းမွာသာ ရွိပါေၾကာင္း၊ စည္းလုံးညီၫြတ္မႈကသာလ်င္ မိမိတုိ႕ျမန္မာ့လူ႕ေဘာင္အဖြဲ႕အစည္းက ေမွ်ာ္လင့္ေနသည့္ ယေန႕ ႏုိင္ငံ၏ ပကတိလုိအပ္ခ်က္ျဖစ္ေသာ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရး ႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးကို ေဆာင္ၾကဥ္းႏုိင္မည္ ျဖစ္ပါေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဟိႏၵဴ႐ုိးရာပြဲေတာ္မ်ားတြင္ အထြဋ္ျမတ္ဆုံး ပြဲေတာ္ျဖစ္သည့္ ဒီပါ၀လီေန႕ အထိမ္းအမွတ္ဂုဏ္ျပဳညစာစားပြဲသုိ႔ တက္ေရာက္ဂုဏ္ျပဳ အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။ 

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားကုိ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံသံ႐ုံး ႏွင့္ ျမန္မာ-အိႏၵိယ အျပည္ျပည္ ဆုိင္ရာစီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္တုိ႕မွ ႀကီးမွဴး၍ ယေန႕ညပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ ၫြန္႕ၿမိဳ႕ နယ္ရွိ Wyndham Grand Hotel တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ မွဴးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းေဒသႀကီးအစုိးရ အဖြဲ႕မွ တာ၀န္ရွိသူမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ျမန္မာႏုိင္ငံရွိ ႏုိင္ငံျခား သံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္ သံတမန္မ်ား၊ ဘာသာေပါင္း စုံခ်စ္ၾကည္ညီၫြတ္ေရး ဗဟုိအဖြဲ႕ ဥကၠ႒ ဦးေသာင္းထုိက္၊ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ဟိႏၵဴဘာသာေရး ဗဟုိ အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးနႏၵ၊ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆုိင္ရာ စီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏုိင္ႏွင့္ တာ၀န္ရွိသူမ်ား ၊ အျပည္ျပည္ဆုိင္ရာကုန္သည္မ်ား၊ ဟိႏၵဴ႐ုိးရာယဥ္ေက်းမႈ အကအဖြဲ႕မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ဂုဏ္ျပဳညစာစားပြဲျပဳလုပ္မည့္ Wyndham Grand Hotel သို႕ေရာက္ရွိၾကရာ ဟိႏၵဴ႐ုိးရာ ဒီပါ၀လီပြဲေတာ္ က်င္းပေရးေကာ္မတီဥကၠ႒မ်ားႏွင့္ တာ၀န္ရွိသူ မ်ား က ႀကိဳဆုိႏႈတ္ဆက္ၾက သည္။ 

အစီအစဥ္အရ ဒီပါ၀လီေန႕ အထိမ္းအမွတ္ဂုဏ္ျပဳညစာစားပြဲကုိ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး၊ ျမန္မာ-အိႏၵိယ အျပည္ျပည္ ဆုိင္ရာ စီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏုိင္ႏွင့္ဇနီး၊ သနႏၲနဓမၼပါလက (ဟိႏၵဴ)အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးဘာဂ်န္ရာမ္လာလ္ရွာရမားတုိ႕က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပး ၾကသည္။ ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဇနီး၊ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆုိင္ရာ စီးပြားေရး လုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ႏွင့္ဇနီး၊ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ဟိႏၵဴဘာသာေရးဗဟုိအဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္ ေဒၚမီးမီး တုိ႕က ဒီပါ၀လီအထိမ္းအမွတ္ ဆီမီးထြန္းၫႇိေပးၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။ ထုိ႕ေနာက္ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆုိင္ရာ စီးပြားေရး လုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏုိင္ က ႀကိဳဆုိႏႈတ္ခြန္း ဆက္စကား ေျပာၾကားၿပီး ဟိႏၵဴဆရာ၀န္မ်ားအသင္း ဥကၠ႒အၿငိမ္းစား ဆရာ၀န္ႀကီး ေဒါက္တာမင္းလြင္ႏွင့္ ျမန္မာ ႏုိင္ငံေဂၚရခါးအသင္း ဥကၠ႒ေဟာင္း ဦးေက်ာ္ေလးတုိ႕က ဒီပါ၀လီေန႕ႏွင့္ ပတ္သက္သည္ မ်ားကုိ ရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကား ေျပာၾကား ရာတြင္ ဟိႏၵဴဘာသာ၀င္မ်ား၏ ဘာသာေရး ေန႕ထူးေန႕ျမတ္ျဖစ္သည့္ ဒီပါ၀လီေန႕ ဂုဏ္ျပဳညစာစားပြဲသုိ႕ တက္ေရာက္လာၾကသူမ်ားအားလုံး သက္ဆုိင္ရာဘာသာတရား မ်ား၏ အဆုံးအမေၾကာင့္ ႏွလုံးစိတ္၀မ္း ေအးခ်မ္းၾကပါေစေၾကာင္း၊ ညီရင္းအကုိ၊ ေမာင္ႏွမရင္းခ်ာမ်ားကဲ့သုိ႕ ေမတၱာတရားပြားမ်ားႏုိင္ၾကပါေစေၾကာင္း၊ မိမိတုိ႕သည္ မည္သည့္ဘာသာ၊ မည္သည့္အယူ၀ါဒကုိ ကုိးကြယ္ယံုၾကည္ၾကသည္ျဖစ္ေစ ဘာသာတရားတုိင္း၏ အဆုံးအမသည္ လူသား အခ်င္းခ်င္း တစ္ဦးကုိတစ္ဦး ေမတၱာထားၾကရန္၊ ယုံၾကည္ၾကရန္ႏွင့္ အမ်ားေကာင္းက်ဳိးကုိ သယ္ပုိးၾကရန္ တုိက္တြန္းအားေပးသည့္ အဆုံးအမမ်ားပင္ျဖစ္ေၾကာင္း၊ ေလာကေကာင္းက်ဳိး၊ လူသားေကာင္းက်ဳိးသယ္ပုိး ႏုိင္ရန္အတြက္ မိမိတုိ႕၏ ကုိယ္၊ စိတ္၊ ႏွလုံး သုံးပါးစလုံး၌ ထားရွိလုိက္နာက်င့္ႀကံေနထုိင္ သင့္သည္မ်ားကုိ ဆုိဆုံးမထားသည့္ အဆုံးအမမ်ားပင္ ျဖစ္ေၾကာင္း။ 

သဒၶါသည္ ရဲစြမ္းသတိၱ၊ ယုံၾကည္ခ်က္သည္ ရဲစြမ္းသတိၱကုိ ျဖစ္ေစသည္ (Belief is Courage) ဟုမွတ္သားခဲ့ဖူးပါေၾကာင္း၊ “သမၼဂါနံ၊ တေပါ သုေခါ” ညီၫြတ္ျခင္း သည္ ခ်မ္းသာျခင္းသုခကုိ ေပးေစသည္ဟု ယုံၾကည္ပါေၾကာင္း၊ မိမိတုိ႕သည္ ကုိးကြယ္ ယုံၾကည္မႈ မည္သုိ႕ပင္ကြဲျပားသည္ျဖစ္ေစ ျမန္မာႏုိင္ငံ တည္းဟူေသာ ႏုိင္ငံတြင္ ႏွစ္ေပါင္း ၾကာရွည္စြာ စည္းလုံးညီၫြတ္မႈကုိ အရင္းခံၿပီး ေအးအတူ၊ ပူအမွ် လက္တြဲေနထုိင္ခဲ့ၾက သူမ်ားပင္ျဖစ္ေၾကာင္း၊ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္း႐ွဴ၍ ေနထုိင္ခဲ့ၾကၿပီး လက္ရွိတြင္လည္းအတူတကြေနထုိင္ၾကဆဲပင္ျဖစ္ေၾကာင္း၊ ယင္းသုိ႕ ေနထုိင္ၾကရာတြင္ ကြၽန္ေတာ္တုိ႕အားလုံးသည္ ျမန္မာျဖစ္သည္ဆုိသည့္စိတ္ကုိ ယုံၾကည္ ေမြးျမဴၾကရန္လုိေၾကာင္း၊ ျမန္မာႏုိင္ငံ ၏သမုိင္းတြင္ မိမိတုိ႕သည္ သက္ဆုိင္ရာက႑ အသီးသီးမွ အမိျမန္မာႏုိင္ငံေတာ္ႀကီး တုိးတက္ေရးအတြက္ ေဆာင္ရြက္ခဲ့ၾကပါေၾကာင္း၊ ယုံၾကည္မႈ၊ သဒၶါ သည္ကပင္ စည္းလုံးညီၫြတ္သည့္စြမ္းအား၊ စည္းလုံးညီၫြတ္ သည့္ ရဲစြမ္းသတိၱကုိ ျဖစ္ေပၚေစမည္ျဖစ္ပါေၾကာင္း၊ စည္းလုံးညီၫြတ္မႈကသာလ်င္ မိမိတုိ႕ ျမန္မာ့လူ႕ေဘာင္ အဖြဲ႕အစည္းက ေမွ်ာ္လင့္ေနသည့္ ယေန႕ႏုိင္ငံ၏ ပကတိလုိအပ္ခ်က္ ျဖစ္ေသာ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္္ေရးကို ေဆာင္ ၾကဥ္းႏုိင္မည္ျဖစ္ပါေၾကာင္း။ 

မိမိတုိ႕ႏုိင္ငံ၏ က႑တုိင္းတြင္ စည္းလုံးညီၫြတ္ၾကရန္လုိအပ္ၿပီး စည္းလုံးသည္ကုိ “ညီၫြတ္သည္၊ ပူးေပါင္းသည္”ဟု အဓိပၸါယ္ဖြင့္ဆုိၾကပါေၾကာင္း၊ စည္းလုံးျခင္း၏ အေၾကာင္းတရားသည္ စည္း႐ုံးျခင္းပင္ျဖစ္ၿပီး စည္း႐ုံးျခင္းကုိ “စုေပါင္းဖြဲ႕စည္းသည္” ဟု အဓိပၸါယ္ဖြင့္ဆုိထားပါေၾကာင္း၊ စုေပါင္းဖြဲ႕စည္းႏုိင္ရန္အတြက္ တစ္္ဦးႏွင့္တစ္ဦး၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕၊ အသင္းတစ္သင္းႏွင့္္ တစ္သင္းၾကားတြင္ မိမိအထက္တြင္ ဆုိခဲ့သည့္ ယုံၾကည္မႈႏွင့္ သံေယာဇဥ္တရားလုိအပ္ပါေၾကာင္း၊ ယုံၾကည္မႈႏွင့္ သံေယာဇဥ္ကုိ ထိေတြ႕ ဆက္ဆံျခင္းကသာ ရရွိႏို္င္မည္ျဖစ္ပါေၾကာင္း၊ မိမိတုိ႕ေနထုိင္ရာ မိခင္ႏုိင္ငံႀကီး၏ အမ်ဳိး သားယဥ္ေက်းမႈစ႐ုိက္လကၡဏာမ်ားကုိ တန္ဖုိးထား ပူးေပါင္းေဆာင္ရြက္ၾကရမည္ျဖစ္ပါေၾကာင္း၊ ျမန္မာ့ယဥ္ေက်းမႈအခ်ဳိ႕သည္ ဟိႏၵဴယဥ္ေက်းမႈႏွင့္ ႏွီးႏြယ္ေနသည္ကုိ သိရွိၾက ၿပီး ျဖစ္ပါေၾကာင္း၊ စိတ္တူ၊ သေဘာတူျဖစ္မႈသည္ ခုိင္မာမႈကုိရရွိေစၿပီး အားကုိ ျဖစ္ေစ ပါေၾကာင္း၊ တုိင္းျပည္၏အားသည္ ျပည္တြင္းမွာသာရွိပါေၾကာင္း၊ ထုိ႕အတူ အျခားညီေနာင္ ဘာသာ ၀င္မ်ားႏွင့္္လည္း အတူပူးေပါင္းလက္တြဲေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ ယေန႕ မိမိတုိ႕သည္ အေျခခံအက် ဆုံးလုိအပ္ခ်က္ကို ကုိယ္စြမ္းÍာဏ္စြမ္းရွိသေ႐ြ႕ ျဖည့္ဆည္းေန ၾကပါေၾကာင္း၊ မိမိတုိ႕ညီၫြတ္မွ မိမိတုိ႕ႏုိင္ငံ တုိးတက္မည္ျဖစ္ၿပီး ႏုိင္ငံတုိးတက္မွသာလ်င္ သက္ဆုိင္ရာ ကုိးကြယ္ရာဘာသာအသီးသီး တည္တံ့ခုိင္ၿမဲဖြံ႕ ၿဖိဳးမည္ျဖစ္ပါေၾကာင္း။ 

“ဒီပါ၀လီ” ပြဲေတာ္သည္ “ဒီပအ၀ါလီ” ဆုိသည့္ စကားမွတစ္္ဆင့္ ဆင္းသက္လာ ၿပီး ဒီပ = ဆီမီး၊ အ၀ါလီ = စီတန္းျခင္း ျဖစ္သည့္အတြက္ ဆီမီးမ်ားကုိ ညီညာစြာ ထြန္းၫႇိပူေဇာ္ျခင္းျဖစ္သည္ဟု မွတ္သားရပါေၾကာင္း၊ ဆီမီးဆုိသည္မွာ အေမွာင္ကုိ ခြင္း၍ အလင္းေဆာင္ျခင္းပင္ျဖစ္ေၾကာင္း၊ ယခုလုိ ေန႕ထူးေန႕ျမတ္ကုိ တက္ေရာက္လာၾကသူ မ်ားအားလုံးကလည္း မိမိတုိ႕ ျမန္္မာ့လူ႕အဖြဲ႕အစည္း၏ အလင္းကုိ ေဖာ္ေဆာင္ႏုိင္ရန္ အတြက္ စည္းလုံးျခင္းဆီမီးကုိ ထြန္းၫႇိၿပီး စည္း႐ုံးညီၫြတ္စြာျဖင့္ ျမန္မာ့အက်ဳိးကုိ သယ္ ပုိးေဆာင္႐ြက္ သြားၾကပါေစလုိေၾကာင္းျဖင့္ ဆႏၵျပဳေျပာၾကားသည္။ 

ယင္းေနာက္ အိႏၵိယႏုိင္ငံသံ႐ုံးမွဟိႏၵဴ႐ုိးရာယဥ္ေက်းမႈအဖြဲ႕မ်ားက အကပေဒသာမ်ား၊ ျမန္မာသမီးပ်ဳိေလး မ်ားက ဆီမီးအကတုိ႕ျဖင့္ေဖ်ာ္ေျဖတင္ ဆက္ခဲ့ၾကသည္။

ေဖ်ာ္ေျဖတင္ဆက္မႈအၿပီးတြင္ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံသံ႐ုံးမွ သံ႐ုံး ဒုတိယအႀကီးအကဲႏွင့္ ျမန္မာ ႏုိင္ငံဆုိင္ရာ႐ုရွားႏုိင္ငံသံအမတ္ႀကီးတုိ႕က အမွတ္တရ စကားမ်ား ေျပာၾကားရာတြင္ အိႏၵိယႏုိင္ငံသံ႐ုံး၊ ဒုတိယအႀကီးအကဲ Dr. Sumit Septh က ယခုကဲ့သုိ႕ ဒီပါ၀လီပြဲေတာ္ျဖစ္ေျမာက္ေရးအတြက္ ေဆာင္ရြက္ ခဲ့ၾကသူမ်ား အားလုံးကုိ ေက်းဇူးအထူးတင္ရွိပါေၾကာင္း၊ ျမန္မာႏုိင္ငံသည္ အိႏၵိယႏုိင္ငံႏွင့္ အေရွ႕အေနာက္ ထိစပ္ ဆက္စပ္ေနၿပီး ဆက္ဆံေရး၊ မူ၀ါဒမ်ားအဓိကတူညီၾကေၾကာင္းႏွင့္ ပုိမုိခုိင္မာေသာ ႏွစ္ႏုိင္ငံဆက္ဆံေရး သည္ မိမိတုိ႕ႏုိင္ငံရွိ ျပည္သူမ်ားအတြက္ ေကာင္းမြန္မႈကုိ ျဖစ္ေစပါေၾကာင္းျဖင့္ လည္းေကာင္း၊ ျမန္မာႏုိင္ငံ ဆုိင္ရာ႐ုရွားႏုိင္ငံသံအမတ္ႀကီး H.E. Dr. Nikolay LISTOPADOV က တက္ေရာက္ လာၾကသူမ်ားအားလုံးကုိ လႈိက္လႈိက္လွဲလွဲ၊ ေႏြးေႏြးေထြးေထြးဂုဏ္ျပဳပါေၾကာင္း၊ မိမိသည္ ျမန္မာႏုိင္ငံတြင္ တာ၀န္ထမ္းေဆာင္ သည္မွာ ကာလၾကာရွည္ၿပီျဖစ္ပါေၾကာင္း၊ အိႏၵိယႏုိင္ငံႏွင့္နီေပါႏုိင္ငံတုိ႕တြင္လည္း တာ၀န္ ထမ္းေဆာင္ခဲ့ပါေၾကာင္း၊ သုံးႏုိင္ငံလုံးတြင္ ဗုဒၶဘာသာႏွင့္ ဟိႏၵဴဘာသာတုိ႕ ထြန္းကား သည္ကုိ ေတြ႕ရွိရပါေၾကာင္း၊ အနာဂတ္ တြင္ႏုိင္ငံသုံးႏုိင္ငံလုံးရွိ ဘာသာ၀င္မ်ားအားလုံး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထုိင္ၾကေစေရး ေမတၱာပုိ႕သပါေၾကာင္း၊ ဒီပါ၀လီပြဲေတာ္သည္ အေရးႀကီးသည့္ပြဲေတာ္ျဖစ္ၿပီး ဂုဏ္ျပဳသည့္အေနျဖင့္ေျပာရမည္ဆုိပါက “ခ်စ္စကုိရွည္ေစ၊ မုန္းစကုိတုိေစ”ဟု ေျပာၾကားလုိေၾကာင္းႏွင့္ ၾကြေရာက္လာၾကသူမ်ားအားလုံး ကုိယ္စိတ္ ႏွစ္ျဖာ ႐ႊင္လန္းခ်မ္း ေျမ႕ပါေစဟု ေမတၱာပုိ႕သပါေၾကာင္းျဖင့္လည္းေကာင္း ျမန္မာ ဘာသာစကားျဖင့္ အမွတ္တရစကားမ်ား အသီးသီးေျပာၾကားၾကသည္။ ယင္းေနာက္ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆုိင္ရာ စီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏုိင္ က ေက်းဇူးတင္စကားေျပာၾကားသည္။ 

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးတုိ႕က ေဖ်ာ္ေျဖ တင္ဆက္ခဲ့ၾကသည့္ ဟိႏၵဴ႐ုိးရာ ယဥ္ေက်းမႈအဖြဲ႕မ်ားအား အမွတ္တရဂုဏ္ျပဳပန္းျခင္းေပးအပ္ၿပီး အမွတ္တရ စုေပါင္း ဓာတ္ပုံ႐ုိက္ၾကကာ ဂုဏ္ျပဳ ညစာကုိ အတူတကြ သုံးေဆာင္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး စည်းလုံးညီညွတ်မှုကသာလျင် ယနေ့ နိုင်ငံ၏ ပကတိလိုအပ် ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည်

နေပြည်တော်၊ နိုဝင်ဘာ - ၃

မြန်မာနိုင်ငံ၏သမိုင်းတွင် မိမိတို့သည် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အမိ မြန်မာနိုင်ငံတော်ကြီး တိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယုံကြည်မှု၊ သဒ္ဓါ သည်ကပင် စည်းလုံးညီညွတ်သည့်စွမ်းအား၊ စည်းလုံး ညီညွတ်သည့် ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိပါကြောင်း၊ စည်းလုံးညီညွတ်မှုကသာလျင် မိမိတို့မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက မျှော်လင့်နေသည့် ယနေ့ နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံး ပွဲတော်ဖြစ်သည့် ဒီပါဝလီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး နှင့် မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာစီးပွားရေးလုပ်ငန်းအသင်းချုပ်တို့မှ ကြီးမှူး၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင် ညွန့်မြို့ နယ်ရှိ Wyndham Grand Hotel တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနန္ဒ၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ ၊ အပြည်ပြည်ဆိုင်ရာကုန်သည်များ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဂုဏ်ပြုညစာစားပွဲပြုလုပ်မည့် Wyndham Grand Hotel သို့ရောက်ရှိကြရာ ဟိန္ဒူရိုးရာ ဒီပါဝလီပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များ က ကြိုဆိုနှုတ်ဆက်ကြ သည်။

အစီအစဉ်အရ ဒီပါဝလီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့်ဇနီး၊ သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘာဂျန်ရာမ်လာလ်ရှာရမားတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒေါ်မီးမီး တို့က ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး ဟိန္ဒူဆရာဝန်များအသင်း ဥက္ကဋ္ဌအငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာမင်းလွင်နှင့် မြန်မာ နိုင်ငံဂေါ်ရခါးအသင်း ဥက္ကဋ္ဌဟောင်း ဦးကျော်လေးတို့က ဒီပါဝလီနေ့နှင့် ပတ်သက်သည် များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြား ရာတွင် ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေး နေ့ထူးနေ့မြတ်ဖြစ်သည့် ဒီပါဝလီနေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအားလုံး သက်ဆိုင်ရာဘာသာတရား များ၏ အဆုံးအမကြောင့် နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း၊ ညီရင်းအကို၊ မောင်နှမရင်းချာများကဲ့သို့ မေတ္တာတရားပွားများနိုင်ကြပါစေကြောင်း၊ မိမိတို့သည် မည်သည့်ဘာသာ၊ မည်သည့်အယူဝါဒကို ကိုးကွယ်ယုံကြည်ကြသည်ဖြစ်စေ ဘာသာတရားတိုင်း၏ အဆုံးအမသည် လူသား အချင်းချင်း တစ်ဦးကိုတစ်ဦး မေတ္တာထားကြရန်၊ ယုံကြည်ကြရန်နှင့် အများကောင်းကျိုးကို သယ်ပိုးကြရန် တိုက်တွန်းအားပေးသည့် အဆုံးအမများပင်ဖြစ်ကြောင်း၊ လောကကောင်းကျိုး၊ လူသားကောင်းကျိုးသယ်ပိုး နိုင်ရန်အတွက် မိမိတို့၏ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး၌ ထားရှိလိုက်နာကျင့်ကြံနေထိုင် သင့်သည်များကို ဆိုဆုံးမထားသည့် အဆုံးအမများပင် ဖြစ်ကြောင်း။

သဒ္ဓါသည် ရဲစွမ်းသတ္တိ၊ ယုံကြည်ချက်သည် ရဲစွမ်းသတ္တိကို ဖြစ်စေသည် (Belief is Courage) ဟုမှတ်သားခဲ့ဖူးပါကြောင်း၊ “သမ္မဂါနံ၊ တပေါ သုခေါ” ညီညွတ်ခြင်း သည် ချမ်းသာခြင်းသုခကို ပေးစေသည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့သည် ကိုးကွယ် ယုံကြည်မှု မည်သို့ပင်ကွဲပြားသည်ဖြစ်စေ မြန်မာနိုင်ငံ တည်းဟူသော နိုင်ငံတွင် နှစ်ပေါင်း ကြာရှည်စွာ စည်းလုံးညီညွတ်မှုကို အရင်းခံပြီး အေးအတူ၊ ပူအမျှ လက်တွဲနေထိုင်ခဲ့ကြ သူများပင်ဖြစ်ကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှူ၍ နေထိုင်ခဲ့ကြပြီး လက်ရှိတွင်လည်းအတူတကွနေထိုင်ကြဆဲပင်ဖြစ်ကြောင်း၊ ယင်းသို့ နေထိုင်ကြရာတွင် ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည်ဆိုသည့်စိတ်ကို ယုံကြည် မွေးမြူကြရန်လိုကြောင်း၊ မြန်မာနိုင်ငံ ၏သမိုင်းတွင် မိမိတို့သည် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယုံကြည်မှု၊ သဒ္ဓါ သည်ကပင် စည်းလုံးညီညွတ်သည့်စွမ်းအား၊ စည်းလုံးညီညွတ် သည့် ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်မှုကသာလျင် မိမိတို့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းက မျှော်လင့်နေသည့် ယနေ့နိုင်ငံ၏ ပကတိလိုအပ်ချက် ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ကြဉ်းနိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ ကဏ္ဍတိုင်းတွင် စည်းလုံးညီညွတ်ကြရန်လိုအပ်ပြီး စည်းလုံးသည်ကို “ညီညွတ်သည်၊ ပူးပေါင်းသည်”ဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါကြောင်း၊ စည်းလုံးခြင်း၏ အကြောင်းတရားသည် စည်းရုံးခြင်းပင်ဖြစ်ပြီး စည်းရုံးခြင်းကို “စုပေါင်းဖွဲ့စည်းသည်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါကြောင်း၊ စုပေါင်းဖွဲ့စည်းနိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အသင်းတစ်သင်းနှင့် တစ်သင်းကြားတွင် မိမိအထက်တွင် ဆိုခဲ့သည့် ယုံကြည်မှုနှင့် သံယောဇဉ်တရားလိုအပ်ပါကြောင်း၊ ယုံကြည်မှုနှင့် သံယောဇဉ်ကို ထိတွေ့ ဆက်ဆံခြင်းကသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နေထိုင်ရာ မိခင်နိုင်ငံကြီး၏ အမျိုး သားယဉ်ကျေးမှုစရိုက်လက္ခဏာများကို တန်ဖိုးထား ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအချို့သည် ဟိန္ဒူယဉ်ကျေးမှုနှင့် နှီးနွယ်နေသည်ကို သိရှိကြ ပြီး ဖြစ်ပါကြောင်း၊ စိတ်တူ၊ သဘောတူဖြစ်မှုသည် ခိုင်မာမှုကိုရရှိစေပြီး အားကို ဖြစ်စေ ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပါကြောင်း၊ ထို့အတူ အခြားညီနောင် ဘာသာ ဝင်များနှင့်လည်း အတူပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့သည် အခြေခံအကျ ဆုံးလိုအပ်ချက်ကို ကိုယ်စွမ်းÍာဏ်စွမ်းရှိသရွေ့ ဖြည့်ဆည်းနေ ကြပါကြောင်း၊ မိမိတို့ညီညွတ်မှ မိမိတို့နိုင်ငံ တိုးတက်မည်ဖြစ်ပြီး နိုင်ငံတိုးတက်မှသာလျင် သက်ဆိုင်ရာ ကိုးကွယ်ရာဘာသာအသီးသီး တည်တံ့ခိုင်မြဲဖွံ့ ဖြိုးမည်ဖြစ်ပါကြောင်း။

“ဒီပါဝလီ” ပွဲတော်သည် “ဒီပအဝါလီ” ဆိုသည့် စကားမှတစ်ဆင့် ဆင်းသက်လာ ပြီး ဒီပ = ဆီမီး၊ အဝါလီ = စီတန်းခြင်း ဖြစ်သည့်အတွက် ဆီမီးများကို ညီညာစွာ ထွန်းညှိပူဇော်ခြင်းဖြစ်သည်ဟု မှတ်သားရပါကြောင်း၊ ဆီမီးဆိုသည်မှာ အမှောင်ကို ခွင်း၍ အလင်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုလို နေ့ထူးနေ့မြတ်ကို တက်ရောက်လာကြသူ များအားလုံးကလည်း မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်း၏ အလင်းကို ဖော်ဆောင်နိုင်ရန် အတွက် စည်းလုံးခြင်းဆီမီးကို ထွန်းညှိပြီး စည်းရုံးညီညွတ်စွာဖြင့် မြန်မာ့အကျိုးကို သယ် ပိုးဆောင်ရွက် သွားကြပါစေလိုကြောင်းဖြင့် ဆန္ဒပြုပြောကြားသည်။

ယင်းနောက် အိန္ဒိယနိုင်ငံသံရုံးမှဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များက အကပဒေသာများ၊ မြန်မာသမီးပျိုလေး များက ဆီမီးအကတို့ဖြင့်ဖျော်ဖြေတင် ဆက်ခဲ့ကြသည်။

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံး ဒုတိယအကြီးအကဲနှင့် မြန်မာ နိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီးတို့က အမှတ်တရ စကားများ ပြောကြားရာတွင် အိန္ဒိယနိုင်ငံသံရုံး၊ ဒုတိယအကြီးအကဲ Dr. Sumit Septh က ယခုကဲ့သို့ ဒီပါဝလီပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက် ခဲ့ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့အနောက် ထိစပ် ဆက်စပ်နေပြီး ဆက်ဆံရေး၊ မူဝါဒများအဓိကတူညီကြကြောင်းနှင့် ပိုမိုခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေး သည် မိမိတို့နိုင်ငံရှိ ပြည်သူများအတွက် ကောင်းမွန်မှုကို ဖြစ်စေပါကြောင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV က တက်ရောက် လာကြသူများအားလုံးကို လှိုက်လှိုက်လှဲလှဲ၊ နွေးနွေးထွေးထွေးဂုဏ်ပြုပါကြောင်း၊ မိမိသည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင် သည်မှာ ကာလကြာရှည်ပြီဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံတို့တွင်လည်း တာဝန် ထမ်းဆောင်ခဲ့ပါကြောင်း၊ သုံးနိုင်ငံလုံးတွင် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ ထွန်းကား သည်ကို တွေ့ရှိရပါကြောင်း၊ အနာဂတ် တွင်နိုင်ငံသုံးနိုင်ငံလုံးရှိ ဘာသာဝင်များအားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြစေရေး မေတ္တာပို့သပါကြောင်း၊ ဒီပါဝလီပွဲတော်သည် အရေးကြီးသည့်ပွဲတော်ဖြစ်ပြီး ဂုဏ်ပြုသည့်အနေဖြင့်ပြောရမည်ဆိုပါက “ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ”ဟု ပြောကြားလိုကြောင်းနှင့် ကြွရောက်လာကြသူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းချမ်း မြေ့ပါစေဟု မေတ္တာပို့သပါကြောင်းဖြင့်လည်းကောင်း မြန်မာ ဘာသာစကားဖြင့် အမှတ်တရစကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြကာ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News