အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၏ (၂၉)ႀကိမ္ေျမာက္ စုေပါင္း မဟာဘံုကထိန္ အလွွဴေတာ္ မဂၤလာျပဳလုပ္

အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၏ (၂၉)ႀကိမ္ေျမာက္ စုေပါင္း မဟာဘံုကထိန္ အလွွဴေတာ္ မဂၤလာျပဳလုပ္

ေနျပည္ေတာ္  ႏိုဝင္ဘာ  ၇

အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၏ (၂၉)ႀကိမ္ေျမာက္ စုေပါင္း မဟာဘံုကထိန္ အလွဴေတာ္မဂၤလာကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္   ေဇယ်ာသီရိခန္းမ၌ ျပဳလုပ္ရာ ႏုိင္ငံေတာ္ ၾသဝါဒါစရိယ မံုရြာၿမိဳ႕၊   ဓမၼပါရဂူ   ပါဠိတကၠသိုလ္ေက်ာင္းတုိက္ ပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ အရိယာလကၤာရအမွဴးျပဳေသာ   သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တိုင္းမွဴး ဗိုလ္ခ်ဳပ္စိုးတင့္ႏုိင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား၊ စစ္မႈထမ္းေဟာင္းအဖဲြ႕ဝင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မံုရြာၿမိဳ႕၊ ဓမၼပါရဂူပါဠိတကၠသိုလ္  ေက်ာင္းတိုက္  ပဓာနနာယက  အဘိဓဇ မဟာရ႒ဂု႐ု ဘဒၵႏၲအရိယာလကၤာရ ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားထံ ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

ထို႔ေနာက္ မံုရြာၿမိဳ႕၊ ရန္ကင္းေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ ဂႏၳဝါစကပ႑ိတ  ဒိြပိဋကဓရ  ဒိြပိဋကေကာဝိဒ ဘဒၵႏၲပညာဝံသထံမွ အႏုေမာ ဒနာတရား နာယူၾကၿပီး သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းသည္။

အဆုိပါ စုေပါင္းမဟာဘံုကထိန္ အလွဴေတာ္မဂၤလာတြင္ ေငြက်ပ္ ၁၈၆ သိန္းေက်ာ္ တန္ဖိုးရွိ ကထိိန္လ်ာသကၤန္း၊ လွဴဖြယ္ ပစၥည္းမ်ားႏွင့္ နဝကမၼအလွဴေငြမ်ားပါဝင္ ေသာ ပေဒသာပင္ ၃၄ ခုကို ႏုိဝင္ဘာ ၆ ရက္တြင္ တုိင္းစစ္ဌာနခ်ဳပ္မွ မံုရြာၿမိဳ႕ အတြင္းသို႔ လွည့္လည္၍    ယေန႔တြင္သက္ဆုိင္ရာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ ပို႔ေဆာင္ လွဴဒါန္းခဲ့ေၾကာင္း  သတင္းရရွိသည္။  

(Unicode Version)

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ (၂၉)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ်

နေပြည်တော်  နိုဝင်ဘာ  ၇

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ (၂၉)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်   ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော် သြဝါဒါစရိယ မုံရွာမြို့၊   ဓမ္မပါရဂူ   ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရအမှူးပြုသော   သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မုံရွာမြို့၊ ဓမ္မပါရဂူပါဠိတက္ကသိုလ်  ကျောင်းတိုက်  ပဓာနနာယက  အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ  ဒွိပိဋကဓရ  ဒွိပိဋကကောဝိဒ ဘဒ္ဒန္တပညာဝံသထံမှ အနုမော ဒနာတရား နာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ငွေကျပ် ၁၈၆ သိန်းကျော် တန်ဖိုးရှိ ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင် သော ပဒေသာပင် ၃၄ ခုကို နိုဝင်ဘာ ၆ ရက်တွင် တိုင်းစစ်ဌာနချုပ်မှ မုံရွာမြို့ အတွင်းသို့ လှည့်လည်၍    ယနေ့တွင်သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင် လှူဒါန်းခဲ့ကြောင်း  သတင်းရရှိသည်။  

 

Recent News