ေတာင္ငူၿမိဳ႔၊ နဂါးေမာက္ေက်းရြာ၊ ကဝၿမိဳ႔နယ္၊ ခမြန္ရြာမ ေက်းရြာႏွင္႕ ဇြဲတြန္ေက်းရြာမ်ား၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေတာင္ငူၿမိဳ႔၊ နဂါးေမာက္ေက်းရြာ၊ ကဝၿမိဳ႔နယ္၊ ခမြန္ရြာမ ေက်းရြာႏွင္႕ ဇြဲတြန္ေက်းရြာမ်ား၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ႏိုဝင္ဘာ  ၇

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ နဂါးေမာက္ေက်းရြာ၊ ကဝၿမိဳ႕နယ္ ခမြန္ရြာမေက်းရြာႏွင့္ ဇြဲတြန္ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာမ်ားရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ စုစုေပါင္း ၃၆၇ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ေတာင္ငူတပ္နယ္မွ တာဝန္ရွိသူမ်ားက သစၥာဝါဒီေက်ာင္းထုိင္ ဆရာေတာ္ ဘဒၵႏၲစႏၵာသီရိိအား သြားေရာက္ဖူးေျမာ္၍ ကထိန္သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

တောင်ငူမြို့၊ နဂါးမောက်ကျေးရွာ၊ ကဝမြို့နယ်၊ ခမွန်ရွာမ ကျေးရွာနှင့် ဇွဲတွန်ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နဂါးမောက်ကျေးရွာ၊ ကဝမြို့နယ် ခမွန်ရွာမကျေးရွာနှင့် ဇွဲတွန်ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ စုစုပေါင်း ၃၆၇ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ငူတပ်နယ်မှ တာဝန်ရှိသူများက သစ္စာဝါဒီကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိအား သွားရောက်ဖူးမြော်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News