ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္မွ ႀကီးမွဴး၍ စုေပါင္းမဟာဘုံကထိန္ အလွဴေတာ္မဂၤလာ၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ လွဴဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းပြဲျပဳလုပ္

ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္မွ ႀကီးမွဴး၍ စုေပါင္းမဟာဘုံကထိန္ အလွဴေတာ္မဂၤလာ၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ လွဴဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းပြဲျပဳလုပ္

ေနျပည္ေတာ္  ႏိုဝင္ဘာ  ၇

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ ႀကီးမွဴး၍ စုေပါင္းမဟာဘုံကထိန္ အလွဴေတာ္မဂၤလာ၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ လွဴဖြယ္ဝတၴဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းပြဲကို ယေန႔နံနက္ပိုင္းတြင္ လွည္းကူးၿမိဳ႕နယ္၊ ငါးဆူေတာင္ေက်းရြာရွိ ခ်မ္းေျမ့ဂုဏ္ေဝ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း၌ျပဳလုပ္ရာ သာယာကုန္းပရိယတၱိ ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲေတဇဝႏၲ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပုံႏွင့္ အဖြဲ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ေရႊေညာင္ပင္ ေတာရပရိယတၱိ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲဝိသုဒၶထံမွ ရွစ္ပါးသီလ ခံယူေဆာက္တည္ၾကကာ သံဃာေတာ္မ်ားထံ   ကထိန္လ်ာသကၤန္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး အဆိုပါေက်ာင္းရွိ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ားႏွင့္ သာသနာ့အႏြယ္ဝင္ သီလရွင္မ်ားအတြက္ ဆြမ္းဆန္ေတာ္ႏွင့္ ဆီမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ထိုိ႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက   ဆရာေတာ္  ဘဒၵႏၲေတဇဝႏၲထံမွ အႏုေမာဒနာတရား နာယူ၍ လွဴဒါန္းမႈ အစုစုတို႔အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကကာ သံဃာေတာ္မ်ားႏွင့္ သာသနာ့အႏြယ္ဝင္ သီလရွင္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေန႔လယ္စာ အာဟာရေကြၽးေမြး လွဴဒါန္းၾကသည္။

ထို႔ျပင္ တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္းတိုက္မွ ရွင္သာမေဏမ်ား၊ သာသနာ့ အႏြယ္ဝင္ သီလရွင္မ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၁၅၃ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပွဲပြုလုပ်

နေပြည်တော်  နိုဝင်ဘာ  ၇

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာရှိ ချမ်းမြေ့ဂုဏ်ဝေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ပြုလုပ်ရာ သာယာကုန်းပရိယတ္တိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေညောင်ပင် တောရပရိယတ္တိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များထံ   ကထိန်လျာသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သာသနာ့အနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက   ဆရာတော်  ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာ အာဟာရကျွေးမွေး လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်မှ ရှင်သာမဏေများ၊ သာသနာ့ အနွယ်ဝင် သီလရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၃ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News