တနသၤာရီၿမိဳ႔နယ္၊ ဘန္းလမြတ္ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

တနသၤာရီၿမိဳ႔နယ္၊ ဘန္းလမြတ္ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ႏိုဝင္ဘာ  ၇

တနသၤာရီတုိင္းေဒသႀကီး၊ တနသၤာရီၿမိဳ႕နယ္၊ ဘန္းလမြတ္ေက်းရြာရွိ သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား  ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာရွိ ေဇယ်ာသိဒၶိဓမၼ ေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္းမ်ား ေဆာင္ရြက္ေပးၿပီး သံဃာေတာ္ေလးပါး၊ ဆရာ၊  ဆရာမမ်ားႏွင့္  ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၃၁၇ ဦးႏွင့္ ေဒသခံ ျပည္သူ  ၁၃၄  ဦးတို႔ကို  ဖ်ားနာေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ အဆုတ္ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ကေလးေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာ ေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေဆးလိပ္၊ကြမ္းႏွင့္ အရက္ေသာက္စားျခင္းမ်ားေၾကာင့္ ျဖစ္ပြားတတ္ ေသာ ေရာဂါမ်ားအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း   သတင္းရရွိသည္။    

(Unicode Version)

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဇေယျာသိဒ္ဓိဓမ္မ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ အား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး သံဃာတော်လေးပါး၊ ဆရာ၊  ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၁၇ ဦးနှင့် ဒေသခံ ပြည်သူ  ၁၃၄  ဦးတို့ကို  ဖျားနာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အဆုတ် ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆေးလိပ်၊ကွမ်းနှင့် အရက်သောက်စားခြင်းများကြောင့် ဖြစ်ပွားတတ် သော ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။    

 

Recent News