လြိဳင္ေကာ္ၿမိဳ႔နယ္၊ မေထာခူ(အထက္) ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

လြိဳင္ေကာ္ၿမိဳ႔နယ္၊ မေထာခူ(အထက္) ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ႏိုဝင္ဘာ  ၇

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္၊ မေထာခူေက်းရြာအုပ္စု၊ မေထာခူ(အထက္) ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆး ကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တိုင္းရင္းသားျပည္သူ ၉၇ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ ဖ်ားနာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လွိုင်ကော်မြို့နယ်၊ မထောခူ(အထက်) ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု၊ မထောခူ(အထက်) ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ကျေးရွာခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၉၇ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News