ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္း အဖြဲ႔ ဗဟိုေကာင္စီ ႏွစ္ပတ္လည္ အစည္းအေ၀း (၂၀၁၉) က်င္းပ

ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္း အဖြဲ႔ ဗဟိုေကာင္စီ ႏွစ္ပတ္လည္ အစည္းအေ၀း (၂၀၁၉) က်င္းပ

ေနျပည္ေတာ္  ႏို၀င္ဘာ  ၇

ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ ဗဟိုေကာင္စီႏွစ္ပတ္လည္အစည္းအေ၀း(၂၀၁၉)ပထမေန႔ကို    ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဒက္ၡိဏ သီရိၿမိဳ႕နယ္ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕  ဗဟိုဌာနခ်ဳပ္၊ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ ရာ အဆိုပါ အစည္းအေ၀းသို႔ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္း  အဖြဲ႕ ဗဟိုေကာင္စီဥကၠ႒  ဗိုလ္ခ်ဳပ္ျမ၀င္း (အၿငိမ္းစား)၊ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႕၀င္မ်ား၊   ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္း အဖြဲ႕ ဗဟိုေကာင္စီ၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ ဗဟိုေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္ ျမ၀င္း(အၿငိမ္းစား)က အဖြင့္အမွာစကား ေျပာၾကား ၿပီးေနာက္ (၂၀၁၈-၂၀၁၉) ခုႏွစ္ ဗဟိုအမႈေဆာင္အဖြဲ႕၏ အစီရင္ခံစာအား ဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမွဴးက ဖတ္ၾကားတင္ျပသည္။

ထုိ႔ေနာက္ ျပည္နယ္၊ တိုင္းေဒသႀကီး  စစ္မႈထမ္းေဟာင္းႀကီးၾကပ္ေရးအဖြဲ႕ ဗဟိုေကာင္စီ၀င္မ်ားက စစ္ေဆးေရးလုပ္ငန္း က႑၊  စည္း႐ံုးလႈံ႔ေဆာ္ေရး လုပ္ငန္းက႑၊ စီးပြားေရး လုပ္ငန္းက႑၊ စည္းကမ္းထိန္းသိမ္းေရး လုပ္ငန္းက႑၊ ဘ႑ာေရး လုပ္ငန္း က႑မ်ားကို ေဆြးေႏြးတင္ျပၾကၿပီးေနာက္ ဗဟိုအမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴးက ျပန္လည္ ရွင္းလင္း ေဆြးေႏြးသည္။

ဆက္လက္၍   ဗဟိုအမႈေဆာင္အဖြဲ႕ အစီရင္ခံစာအား  အတည္ျပဳၾကၿပီးေနာက္ ဗဟိုအမႈေဆာင္အဖြဲ႕ ဘ႑ာေရးမွဴးက (၂၀၁၉-၂၀၂၀) ဘ႑ာေရးႏွစ္  ရသုံးမွန္းေျခ ေငြစာရင္းတင္ျပျခင္းႏွင့္ အတည္ျပဳျခင္းမ်ား ေဆာင္ရြက္ၿပီးေနာက္ လစ္လပ္ သြားေသာ  ေကာင္စီ၀င္တာ၀န္ေနရာမ်ားကိုတင္ျပမွတ္တမ္းတင္ျခင္း၊ ထပ္တိုးေရြးခ်ယ္မည့္ ဗဟိုေကာင္စီ၀င္ ငါးဦး လ်ာထားခ်က္ကို တင္ျပအတည္ျပဳျခင္း ႏွင့္ ျပည္နယ္၊ တိုင္းေဒသႀကီးစစ္မႈထမ္းေဟာင္း ႀကီးၾကပ္ေရး အဖြဲ႕ အသီး သီးမွာ အေထြေထြ ေဆြးေႏြးျခင္းမ်ား ျပဳလုပ္ေဆာင္ရြက္သည္။

ထုိ႔ေနာက္ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္း အဖြဲ႕ ဗဟိုေကာင္စီ ညီလာခံ အစည္းအေ၀း(၂၀၁၉) ပထမေန႔ကို ညေန ၄ နာရီခြဲတြင္  ႐ုပ္သိမ္းလုိက္ၿပီးေနာက္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ ဒုတိယေန႔အစည္းအေ၀းအား ဆက္လက္ က်င္းပ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း  သတင္းရရွိသည္။  

(Unicode Version)

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီ နှစ်ပတ်လည် အစည်းအဝေး (၂၀၁၉) ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၇

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး(၂၀၁၉)ပထမနေ့ကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒက်္ခိဏ သီရိမြို့နယ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုဌာနချုပ်၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ် ရာ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း  အဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း(အငြိမ်းစား)က အဖွင့်အမှာစကား ပြောကြား ပြီးနောက် (၂၀၁၈-၂၀၁၉) ခုနှစ် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာအား ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးက ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်နယ်၊ တိုင်းဒေသကြီး  စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဗဟိုကောင်စီဝင်များက စစ်ဆေးရေးလုပ်ငန်း ကဏ္ဍ၊  စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းကဏ္ဍ၊ စီးပွားရေး လုပ်ငန်းကဏ္ဍ၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကဏ္ဍ၊ ဘဏ္ဍာရေး လုပ်ငန်း ကဏ္ဍများကို ဆွေးနွေးတင်ပြကြပြီးနောက် ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးက ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍   ဗဟိုအမှုဆောင်အဖွဲ့ အစီရင်ခံစာအား  အတည်ပြုကြပြီးနောက် ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်  ရသုံးမှန်းခြေ ငွေစာရင်းတင်ပြခြင်းနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ပြီးနောက် လစ်လပ် သွားသော  ကောင်စီဝင်တာဝန်နေရာများကိုတင်ပြမှတ်တမ်းတင်ခြင်း၊ ထပ်တိုးရွေးချယ်မည့် ဗဟိုကောင်စီဝင် ငါးဦး လျာထားချက်ကို တင်ပြအတည်ပြုခြင်း နှင့် ပြည်နယ်၊ တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ အသီး သီးမှာ အထွေထွေ ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်သည်။

ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီ ညီလာခံ အစည်းအဝေး(၂၀၁၉) ပထမနေ့ကို ညနေ ၄ နာရီခွဲတွင်  ရုပ်သိမ်းလိုက်ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒုတိယနေ့အစည်းအဝေးအား ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။      

 

  

Recent News