

နေပြည်တော်  နိုဝင်ဘာ  ၇



(Unicode Version)

ဟိုပုံးမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော်  နိုဝင်ဘာ  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၂ နာရီခန့်တွင် မိုင်းပျဉ်းကျေးရွာ၏ မြောက်ဘက်၈ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် စုပုံထားသည့် အင်သစ်လုံးနှင့် သစ်ခွဲသား ဆိုဒ်စုံ ၂၄ တန်ခန့်အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ သစ်များအား ဟိုပုံးမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။         

 

Recent News