က်ဳိင္းတံုၿမိဳ႔၊ အမွတ္(၁)ရပ္ကြက္၊ ေ၀ၚနိမ္ေက်းရြာ၌ က်န္းမာေရး စစ္ေဆးကုသ ေပးျခင္းမ်ားေဆာင္ရြက္

က်ဳိင္းတံုၿမိဳ႔၊ အမွတ္(၁)ရပ္ကြက္၊ ေ၀ၚနိမ္ေက်းရြာ၌ က်န္းမာေရး စစ္ေဆးကုသ ေပးျခင္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ႏို၀င္ဘာ  ၇

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕၊  အမွတ္(၁)ရပ္ကြက္၊ ေ၀ၚနိမ္ေက်းရြာမွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုုပါ ေက်းရြာရွိ ေက်းဇူးေတာ္ခန္းမ၌ က်န္းမာေရး စစ္ေဆးကုသ ေပးျခင္းမ်ား ေဆာင္ရြက္ ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ဆရာ၊ ဆရာမသံုးဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၃၉ဦးႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူ ၁၇၄ ဦးတို႔ကို ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊  အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ စစ္ေဆးေပးျခင္း၊ Ultrasound  ႐ိုက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔  ေဆာင္ရြက္ ေပးေနမႈမ်ားကို  တုိင္းမွဴး ဗိုလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။       

(Unicode Version)

ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝေါ်နိမ်ကျေးရွာ၌ ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ ဝေါ်နိမ်ကျေးရွာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ကျေးဇူးတော်ခန်းမ၌ ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမသုံးဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၉ဦးနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၇၄ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်း၊ Ultrasound  ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့  ဆောင်ရွက် ပေးနေမှုများကို  တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။                

 

       

Recent News