ေဇယ်ာသီရိၿမိဳ႕နယ္၊ က်ည္ေတာင္ေက်းရြာ၊ သုခိတာရာမက်ည္ေတာင္ရြာဦးေက်ာင္းတိုက္၌ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ မဟာဘုံကထိန္ အလွဴေတာ္မဂၤလာ အခမ္းအနားက်င္းပ 

ေဇယ်ာသီရိၿမိဳ႕နယ္၊ က်ည္ေတာင္ေက်းရြာ၊ သုခိတာရာမက်ည္ေတာင္ရြာဦးေက်ာင္းတိုက္၌ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ မဟာဘုံကထိန္ အလွဴေတာ္မဂၤလာ အခမ္းအနားက်င္းပ 

ေနျပည္ေတာ္၊ ႏို၀င္ဘာ - ၈ 

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ) ႐ံုး/ဌာန မိသားစုမ်ားက ခင္းက်င္း လွဴဒါန္းသည့္ မဟာဘုံ ကထိန္အလွဴေတာ္မဂၤလာအခမ္းအနားကုိ ယေန႕နံနက္ပုိင္းတြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ က်ည္ေတာင္ေက်းရြာ၊ သုခိတာရာမက်ည္ေတာင္ ရြာဦးေက်ာင္းတိုက္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ မွဴးႀကီး မင္းေအာင္လႈိင္ ကိုယ္စား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း တက္ေရာက္၍ ကထိန္လ်ာသကၤန္းႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းသည္။ 

အဆုိပါ အခမ္းအနားသုိ႕ မဂၤလာေဇယ်ဳံ ပါဠိတကၠသိုလ္ေက်ာင္းတိုက္ ပဓာနနာယက အဂၢမဟာဂႏၴ၀ါစ ကပ႑ိတ အဂၢမဟာပ႑ိတ ဘဒၵႏၲ၀ိမလဗုဒိၶ ဆရာေတာ္ဘုရားႀကီး အမွဴးျပဳေသာ သံဃာေတာ္ ၅၄ ပါးၾကြ ေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။ 

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ႏွင့္ဇနီးႏွင့္ ဧည့္ပရိသတ္မ်ားသည္ ဘုန္းေတာ္ႀကီးေက်ာင္း အသီးသီးသို႕ လွဴဒါန္းရန္ခင္းက်င္းထားေသာ ကထိန္လ်ာသကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ပေဒသာပင္မ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။ 

ထို႕ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီးတုိ႕က ဘုန္းေတာ္ႀကီးေက်ာင္းအတြင္းရွိ ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္အား ဆီမီး၊ ေသာက္ေတာ္ေရခ်မ္း၊ သစ္သီးႏွင့္ ျမသပိတ္ဆြမ္းတုိ႕ကို ကပ္လွဴပူ ေဇာ္ၾကသည္။ 

ထို႔ေနာက္ မဟာဘုံကထိန္အလွဴေတာ္မဂၤလာအခမ္းအနားကုိ က်င္းပရာ အစီအစဥ္ အရ ၾကြေရာက္ခ်ီးျမႇင့္ ေတာ္မူၾကေသာ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ဦးေဆာင္ေသာ ဧည့္ပရိသတ္မ်ားက အခမ္းအနားကို နေမာတႆ သံုးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့ ဖြင့္လွစ္သည္။ ယင္းေနာက္ ေဇယ်ာသီရိၿမိဳ႕နယ္ သံဃနာ ယကအဖဲဲြ႕ (ေရႊက်င္)ဥကၠ႒ ေရဆင္းကန္ဦးေက်ာင္းတိုက္ ပဓာနနာယက မဟာဂႏၴ၀ါစက ပ႑ိတ ဘဒၵႏၲ၀ိ လာသ (သာသနဓဇဓမၼာစရိယ) မဟာေထရ္ျမတ္ ဆရာေတာ္ထံမွ ကိုးပါးသီလခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္ အရွင္သူျမတ္တုိ႕ ရြတ္ပြားသရဇၩာယ္ ခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားကုိ နာယူၾကသည္။ 

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စား ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္ တို႕က သုခိတာရာမ က်ည္ေတာင္ရြာဦးဆရာေတာ္ ဦးေခမိႏၵထံ ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ ပ်ဥ္းမနားၿမဳိ႕၊ မဂၤလာေဇယ်ဳံ ပါဠိတကၠသိုလ္ေက်ာင္းတိုက္ ပဓာနနာယက အဂၢမဟာဂႏၴ၀ါစကပ႑ိတ အဂၢ မဟာပ႑ိတ ဘဒၵႏၲ၀ိမလဗုဒိၶ ဆရာ ေတာ္ႀကီးထံ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း ဆက္ကပ္လွဴ ဒါန္းၾကသည္။ 

ဆက္လက္၍ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ၊ ကာကြယ္ေရး ၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီးႏွင့္ဇနီး နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ)မွ အရာရွိႀကီးမ်ားႏွင့္ က်ည္ေတာင္ေက်းရြာ ရပ္မိရပ္ဖမ်ားက သံဃာေတာ္အရွင္ သူျမတ္ တို႕ထံ ကထိန္သကၤန္းႏွင့္ လွဴဖြယ္၀တၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ထို႕ေနာက္ ေဇယ်ာသီရိၿမိဳ႕ နယ္ ၊ ေခါမရြာဦးေက်ာင္းတိုက္မွ ဆရာေတာ္ ဘဒၵႏၲဇာဂရႏွင့္ စည္ပင္ႀကီး ေက်ာင္းတိုက္မွ ဆရာေတာ္ဘဒၵႏၲ ဂႏၶမာတို႕က ကထိန္ အေမးအေျဖမ်ား ေဆာင္ရြက္ေတာ္ မူၾကသည္။ 

ယင္းေနာက္ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံ ပါဠိတကၠသိုလ္ေက်ာင္းတိုက္ ပဓာနနာယက အဂၢမဟာဂႏၴ၀ါစက ပ႑ိတအဂၢမဟာပ႑ိတ ဘဒၵႏၲ၀ိမလဗုဒိၶ ဆရာေတာ္ႀကီးထံမွ ကထိန္အႏုေမာဒနာတရားနာယူၾကၿပီး လွဴဒါန္း မႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ 

အခမ္းအနားအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီးတို႔က မဟာဘံုကထိန္ အလွဴေတာ္ မဂၤလာအခမ္းအနား ၿပီးေျမာက္ ေအာင္ျမင္ ျခင္းအထိမ္းအမွတ္ ရတနာေရႊမိုး၊ ေငြမိုးမ်ား ရြာသြန္းေပးၿပီး ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္း ခဲ့ၾကသည္။ 

ထို႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသည့္ က်ည္ေတာင္ေက်းရြာမွ ရပ္မိရပ္ဖမ်ား၊ ေဒသခံျပည္ သူမ်ား ႏွင့္ ဧည့္ပရိတ္သတ္မ်ားအား အလွဴမဂၤလာမ႑ပ္၌ ေန႕လယ္စာျဖင့္ ဧည့္ခံေကြၽးေမြးသည္။ 

ယေန႕က်င္းပျပဳလုပ္ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ မိသားစုမဟာဘုံကထိန္ အလွဴေတာ္မဂၤလာအခမ္းအနားတြင္ ႐ုံး/ဌာန အသီးသီးမွ ပေဒသာပင္စုစုေပါင္း ၅၄ ပင္၊ တန္ဖိုးေငြက်ပ္ ၃၄၆ သိန္းေက်ာ္၊ က်ည္ေတာင္ေက်းရြာ ေက်းရြာသူ၊ ေက်းရြာသားမ်ားကလည္း ပေဒသာပင္ ၆ ပင္ စုစုေပါင္း တန္ဖိုးေငြက်ပ္ ၂၉ သိန္းႏွင့္ သံဃာေတာ္မ်ားအားဆြမ္းကပ္လွဴဒါန္းျခင္းႏွင့္ ဧည့္ပရိသတ္ေပါင္း ၂၆၀၀ ေက်ာ္ တို႔အား ရြာလုံးကြၽတ္ဧည့္ခံေကြၽးေမြးျခင္း တန္ဖုိးေငြက်ပ္ ၂၁၆ သိန္းေက်ာ္ အပါအ၀င္ စုစုေပါင္း ေငြက်ပ္ ၅၉၁ သိန္းေက်ာ္အား စုေပါင္းပါ၀င္ကုသုိလ္ရယူခဲ့ၾကေၾကာင္း သိရွိရသည္။ ႏို၀င္ဘာ ၇ ရက္ နံနက္ပုိင္းတြင္လည္း အဆိုပါပေဒသာပင္ ၅၄ ပင္ကို ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ က်ည္ေတာင္ေက်းရြာရွိ သုခိတာရာမက်ည္ ေတာင္ရြာဦး ေက်ာင္းတိုက္သို႔ လည္းေကာင္း၊ ယေန႕ညေနပုိင္းတြင္ ပေဒသာပင္မ်ားအား သုခိတာရာမ က်ည္ ေတာင္ ရြာဦးေက်ာင္းတုိက္မွ သက္ဆုိင္ရာေက်ာင္းတုိက္အသီးသီးသုိ႕ လည္းေကာင္း စည္းကား သုိက္ၿမိဳက္ ေပ်ာ္႐ႊင္ၾကည္ႏူးစြာ လွည့္လည္ပို႕ေဆာင္ခဲ့ၾကေၾကာင္း သတင္းရရွိ သည္။ 

 

(Unicode Version)

 

ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ သုခိတာရာမကျည်တောင်ရွာဦးကျောင်းတိုက်၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ 

နေပြည်တော်၊ နိုဝင်ဘာ - ၈ 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများက ခင်းကျင်း လှူဒါန်းသည့် မဟာဘုံ ကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ သုခိတာရာမကျည်တောင် ရွာဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ 

အဆိုပါ အခမ်းအနားသို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော် ၅၄ ပါးကြွ ရောက်ချီးမြှင့်တော်မူကြသည်။ 

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ လှူဒါန်းရန်ခင်းကျင်းထားသော ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။ 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့က ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ်ဆွမ်းတို့ကို ကပ်လှူပူ ဇော်ကြသည်။ 

ထို့နောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ အစီအစဉ် အရ ကြွရောက်ချီးမြှင့် တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဦးဆောင်သော ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် သံဃနာ ယကအဖဲွဲ့ (ရွှေကျင်)ဥက္ကဋ္ဌ ရေဆင်းကန်ဦးကျောင်းတိုက် ပဓာနနာယက မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိ လာသ (သာသနဓဇဓမ္မာစရိယ) မဟာထေရ်မြတ် ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့က သုခိတာရာမ ကျည်တောင်ရွာဦးဆရာတော် ဦးခေမိန္ဒထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာ တော်ကြီးထံ လှူဖွယ်ပစ္စည်းများအားလည်းကောင်း ဆက်ကပ်လှူ ဒါန်းကြသည်။ 

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများနှင့် ကျည်တောင်ကျေးရွာ ရပ်မိရပ်ဖများက သံဃာတော်အရှင် သူမြတ် တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဇေယျာသီရိမြို့ နယ် ၊ ခေါမရွာဦးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဇာဂရနှင့် စည်ပင်ကြီး ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တ ဂန္ဓမာတို့က ကထိန် အမေးအဖြေများ ဆောင်ရွက်တော် မူကြသည်။ 

ယင်းနောက် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်း မှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ 

အခမ်းအနားအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့က မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ပြီးမြောက် အောင်မြင် ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ 

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ကျည်တောင်ကျေးရွာမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည် သူများ နှင့် ဧည့်ပရိတ်သတ်များအား အလှူမင်္ဂလာမဏ္ဍပ်၌ နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသည်။ 

ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၅၄ ပင်၊ တန်ဖိုးငွေကျပ် ၃၄၆ သိန်းကျော်၊ ကျည်တောင်ကျေးရွာ ကျေးရွာသူ၊ ကျေးရွာသားများကလည်း ပဒေသာပင် ၆ ပင် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၉ သိန်းနှင့် သံဃာတော်များအားဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်ပေါင်း ၂၆၀၀ ကျော် တို့အား ရွာလုံးကျွတ်ဧည့်ခံကျွေးမွေးခြင်း တန်ဖိုးငွေကျပ် ၂၁၆ သိန်းကျော် အပါအဝင် စုစုပေါင်း ငွေကျပ် ၅၉၁ သိန်းကျော်အား စုပေါင်းပါဝင်ကုသိုလ်ရယူခဲ့ကြကြောင်း သိရှိရသည်။ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါပဒေသာပင် ၅၄ ပင်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကျည်တောင်ကျေးရွာရှိ သုခိတာရာမကျည် တောင်ရွာဦး ကျောင်းတိုက်သို့ လည်းကောင်း၊ ယနေ့ညနေပိုင်းတွင် ပဒေသာပင်များအား သုခိတာရာမ ကျည် တောင် ရွာဦးကျောင်းတိုက်မှ သက်ဆိုင်ရာကျောင်းတိုက်အသီးသီးသို့ လည်းကောင်း စည်းကား သိုက်မြိုက် ပျော်ရွှင်ကြည်နူးစွာ လှည့်လည်ပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိ သည်။ 

Recent News