ကြန္ပ်ဴတာဒီပလုိမာ တပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး) သင္တန္းဆင္းပြဲျပဳလုပ္ 

ကြန္ပ်ဴတာဒီပလုိမာ တပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး) သင္တန္းဆင္းပြဲျပဳလုပ္ 

ေနျပည္ေတာ္ ႏိုဝင္ဘာ ၈ 

 

ကြန္ပ်ဴတာဒီပလိုမာ တပ္ၾကပ္ႀကီး/စာေရး (အမ်ဳိးသမီး) အမွတ္စဥ္(၅) သင္တန္းဆင္းပြဲ ကိုယေန႔နံနက္ပိုင္းတြင္ ေမွာ္ဘီတပ္နယ္ရွိ အရာခံႏွင့္ အၾကပ္ႀကီးသင္ေက်ာင္းရွိ စစ္ေရးျပကြင္း၌ ျပဳလုပ္ရာ ဒုတိယတပ္မေတာ္ ေလ့က်င့္ေရးအရာရွိခ်ဳပ္ ဗိုလ္ခ်ဳပ္ ကိုေလး၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ ဒုတိယတုိင္းမွဴး ဗိုလ္မွဴးႀကီးဝင္းျမင့္ခိုင္၊ အရာခံႏွင့္ အၾကပ္ႀကီးသင္ေက်ာင္း ေက်ာင္းအုပ္ႀကီးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ သင္တန္းသူ မ်ား၏ မိဘေဆြမ်ဳိးမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

 

သင္တန္းဆင္းပြဲတြင္ ဒုတိယတပ္မေတာ္ ေလ့က်င့္ေရးအရာရွိခ်ဳပ္က သင္တန္းတြင္ ထူးခြၽန္ဆုရရွိေသာ သင္တန္းသူမ်ားကို ဆုမ်ားေပးအပ္ခ်ီးျမႇင့္ၿပီး သင္တန္းဆင္း မိန္႔ခြန္း ေျပာၾကားသည္။ အဆုိပါ ကြန္ပ်ဴတာဒီပလုိမာ တပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး)သင္တန္းတြင္ အေျခခံ စစ္ပညာ၊ အေျခခံ႐ံုးလုပ္ငန္း ဘာသာရပ္၊ အဂၤလိပ္စာဘာသာရပ္၊ စစ္ဘက္ဥပေဒ ဘာသာရပ္ႏွင့္ ကြန္ပ်ဴတာဘာသာရပ္မ်ားကို စာေတြ႕လက္ေတြ႕သင္ၾကား ေလ့က်င့္ ေပးခဲ့ၿပီး သင္တန္းဆင္း သင္တန္းသူမ်ားကို တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)တြင္ တပ္ၾကပ္ႀကီး/စာေရးမ်ားအျဖစ္ တာဝန္ေပးအပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။ 

 

ယခု ကြန္ပ်ဴတာ ဒီပလုိမာတပ္ၾကပ္ႀကီး/ စာေရး(အမ်ဳိးသမီး) အမွတ္စဥ္(၅)သင္တန္း တြင္ သင္တန္းသူ ၂၅ဝ ဦးကို သင္တန္းဆင္း ေပးခဲ့ျခင္းျဖစ္သည္။ အဆုိပါသင္တန္းကို ႏွစ္စဥ္ ဖြင့္လွစ္လ်က္ရွိၿပီး သင္တန္းဆင္းၿပီးခဲ့ေသာ အမ်ဳိးသမီးစစ္မႈထမ္းမ်ားအေနျဖင့္ သက္ဆုိင္ရာ လက္႐ံုးဝန္ထမ္းတပ္မ်ားတြင္ တာဝန္အသီးသီး ထမ္းေဆာင္လ်က္ရွိ ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်းဆင်းပွဲပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၈ 

ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး (အမျိုးသမီး) အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ ကိုယနေ့နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ စစ်ရေးပြကွင်း၌ ပြုလုပ်ရာ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဝင်းမြင့်ခိုင်၊ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ သင်တန်းသူ များ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

သင်တန်းဆင်းပွဲတွင် ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။ အဆိုပါ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး)သင်တန်းတွင် အခြေခံ စစ်ပညာ၊ အခြေခံရုံးလုပ်ငန်း ဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ စစ်ဘက်ဥပဒေ ဘာသာရပ်နှင့် ကွန်ပျူတာဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြား လေ့ကျင့် ပေးခဲ့ပြီး သင်တန်းဆင်း သင်တန်းသူများကို တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် တပ်ကြပ်ကြီး/စာရေးများအဖြစ် တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယခု ကွန်ပျူတာ ဒီပလိုမာတပ်ကြပ်ကြီး/ စာရေး(အမျိုးသမီး) အမှတ်စဉ်(၅)သင်တန်း တွင် သင်တန်းသူ ၂၅ဝ ဦးကို သင်တန်းဆင်း ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါသင်တန်းကို နှစ်စဉ် ဖွင့်လှစ်လျက်ရှိပြီး သင်တန်းဆင်းပြီးခဲ့သော အမျိုးသမီးစစ်မှုထမ်းများအနေဖြင့် သက်ဆိုင်ရာ လက်ရုံးဝန်ထမ်းတပ်များတွင် တာဝန်အသီးသီး ထမ်းဆောင်လျက်ရှိ ကြောင်း သတင်းရရှိသည်။  

Recent News