




Unicode Version

မြိုင်မြို ့နယ်၊ ဆင်စိမ် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆင်စိမ် ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင်  အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ရပ်ကွက်ရှိ မင်္ဂလာရာမကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံပြည်သူ ၁၆၀ ဦးတို့ကို ရာသီတုပ်ကွေးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News