ပြင့္ျဖဴၿမိဳ ့နယ္၊ ေရပုတ္ႀကီး ေက်းရြာ၌ တန္ေဆာင္တုိင္ဘုရား ဆြမ္းေတာ္တင္ပြဲႏွင့္ဆြမ္းလံုးခ် ပြဲျပဳလုပ္

 

ပြင့္ျဖဴၿမိဳ  ့နယ္၊ ေရပုတ္ႀကီး ေက်းရြာ၌ တန္ေဆာင္တုိင္ဘုရား ဆြမ္းေတာ္တင္ပြဲႏွင့္ဆြမ္းလံုးခ် ပြဲျပဳလုပ္

 

ေနျပည္ေတာ္   ႏို၀င္ဘာ  ၁၁

 

မေကြးတုိင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေရပုတ္ႀကီးေက်းရြာ၌ ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ တန္ေဆာင္တုိင္ဘုရား ဆြမ္းေတာ္တင္ ပြဲႏွင့္ ဆြမ္းလံုးခ်ပြဲ က်င္းပျပဳလုပ္ ပူေဇာ္ရန္အတြက္ တန္ေဆာင္မုန္းလဆန္း ၁၄ ရက္ ညေနပုိင္းတြင္ ေက်းရြာေန ျပည္သူမ်ားက မိမိတုိ႔တတ္အား သေရြ႕ျပဳလုပ္ထားေသာ ျမန္မာ့႐ိုးရာ စားစရာမုန္႔မ်ဳိးစံုတုိ႔အား  ယူေဆာင္၍ လျပည့္ေန႔တြင္ ဆြမ္းေတာ္တင္ ကပ္လွဴပူေဇာ္ရန္အတြက္ ရြာလယ္စုရပ္ဇရပ္မွ ရြာလယ္လမ္းအတုိင္း စီတန္းလမ္း ေလွ်ာက္ကာ ရြာဦးဘုန္းေတာ္ႀကီးေက်ာင္းရွိ ရတနာဦးေစတီေတာ္သုိ႔ ႀကိဳတင္ပုိ႔ေဆာင္ ၾကသည္။

တန္ေဆာင္မုန္းလျပည့္ ယေန႔နံနက္ ပုိင္းတြင္ ေစတီေတာ္၌ ႀကိဳတင္ပို႔ေဆာင္ထားသည့္ ျမန္မာ့႐ိုးရာ မုန္႔မ်ဳိးစံုတုိ႔ကို ျမတ္စြာဘုရားအား ရည္မွန္းကပ္လွဴပူေဇာ္ၾကၿပီး သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ ေက်းရြာသူ၊ ေက်းရြာသားမ်ားက ျမတ္စြာဘုရားအမွဴးျပဳေသာ သံဃာေတာ္မ်ားအား လွဴဒါန္းရန္အတြက္ ဆြမ္း ေတာင္းမ်ား၊ န၀မၼ အလွဴေငြမ်ားယူေဆာင္၍ ရြာဦးဘုန္းႀကီးေက်ာင္းရွိ ရတနာဦးေစတီ ေတာ္အားလက္ယာရစ္ လွည့္လည္ပူေဇာ္ၾကၿပီး မုန္းဇလဲေက်းရြာ ေက်ာင္းဆရာေတာ္ ဘဒၵႏၱ၀ိသုတ (ဓမၼာစရိယ)အမွဴးျပဳေသာ ပင့္သံဃာေတာ္မ်ား ႂကြခ်ီရာလမ္းတစ္ ေလွ်ာက္တြင္ ေရပုတ္ႀကီးေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေက်းရြာသူ၊ ေက်းရြာသားမ်ားက န၀ကမၼ အလွဴေငြမ်ား ေလာင္းလွဴၾကသည္။

ယင္းေနာက္ အာ႐ံုခံတန္ေဆာင္း၌  ေရပုတ္ႀကီး ရြာဦးေက်ာင္းဆရာေတာ္ ဘဒၵႏၱ၀ဏ္ၰိ ႆရထံမွ ကုိးပါးသီလ ခံယူေဆာက္တည္ၾကၿပီး ေရပုတ္ႀကီး ရြာဦးေက်ာင္းမွ ဆရာေတာ္ ဘဒၵႏၱနႏၵယိကထံမွ လွဴဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ်အႏုေမာဒနာတရားနာယူ၍ ေရစက္သြန္းခ်အမွ် ေပးေ၀ၾက သည္။

အဆုိပါ ဆြမ္းေတာ္တင္ပြဲႏွင့္ဆြမ္းလံုးခ် ပြဲေတာ္ေအာင္ပြဲအထိမ္းအမွတ္အျဖစ္ တန္ေဆာင္မုန္းလဆန္း ၁၄ ရက္ႏွင့္ တန္ေဆာင္း မုန္းလျပည့္ယေန႔တုိ႔တြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)၊ ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ံုး ကြပ္ကဲမႈေအာက္ရွိနယ္လွည့္ ျပည္သူ႔ဆက္ဆံေရး တပ္ခြဲမွ အရာရွိ၊ စစ္သည္၊ စစ္သမီးမ်ားက အဆုိ၊ အက မ်ားျဖင့္ ကျပသီဆုိ ေဖ်ာ္ေျဖခဲ့ရာ ေက်းရြာေနျပည္သူမ်ားက လြန္စြာႏွစ္သက္အားေပးခဲ့ေၾကာင္း သိရွိရသည္။

ေရပုတ္ႀကီး ေက်းရြာတြင္ျပဳလုပ္ေသာ ဆြမ္းေတာ္တင္ပြဲႏွင့္ ဆြမ္းလံုးခ်ပြဲေတာ္ကို ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေန႔ တြင္ျပဳလုပ္ခဲ့သည္မွာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ရွိၿပီျဖစ္ေၾကာင္းႏွင့္ ဆြမ္းေတာ္တင္ပြဲ ဆုိသည္မွာ ရတနာဦးေစတီေတာ္တြင္ ျမတ္စြာ ဘုရားအား ရည္မွန္း၍ ဆြမ္း၊ သစ္သီးႏွင့္ စားေသာက္ဖြယ္မ်ား ဆြမ္းကပ္လွဴဒါန္းျခင္းျဖစ္ၿပီး ဆြမ္းလံုးခ်ပြဲ ဆုိသည္မွာ တန္ေဆာင္မုန္း လျပည့္ေန႔တြင္ ရြာသူ၊ ရြာသားမ်ားက ျမတ္စြာဘုရား အမွဴးျပဳေသာ သံဃာေတာ္ မ်ားအ တြက္ လွဴဒါန္းသည့္ ဆြမ္းႏွင့္ စားေသာက္ဖြယ္ရာမ်ားကို ပင့္သံဃာေတာ္မ်ားအား မိမိတို႔ ေက်ာင္းတုိက္မ်ားတြင္ ေန႔ဆြမ္းဘုန္းေပးရန္အတြက္ ျပန္လည္ခြဲေ၀လွဴဒါန္း ျခင္းျဖစ္ေၾကာင္း သိရွိရၿပီး ေရပုတ္ႀကီး ေက်းရြာသည္ ျမန္မာ့႐ိုးရာ ဓေလ့ တစ္ခုျဖစ္ သည့္ ဆံရစ္၀ုိင္းထံုးဖြဲ႕သည့္စနစ္ကို ဘုိးဘြား အစဥ္အဆက္ ထိန္းသိမ္းတန္ဖုိးထားၿပီး လက္ဆင့္ ကမ္းထိန္း သိမ္း လာခဲ့ေသာ ေက်းရြာ တစ္ရြာျဖစ္ေၾကာင္း သတင္းရရွိသည္။

Unicode Version

ပွင့်ဖြူမြို ့နယ်၊ ရေပုတ်ကြီး ကျေးရွာ၌ တန်ဆောင်တိုင်ဘုရား ဆွမ်းတော်တင်ပွဲနှင့်ဆွမ်းလုံးချ ပွဲပြုလုပ်

နေပြည်တော်   နိုဝင်ဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်ဘုရား ဆွမ်းတော်တင် ပွဲနှင့် ဆွမ်းလုံးချပွဲ ကျင်းပပြုလုပ် ပူဇော်ရန်အတွက် တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းတွင် ကျေးရွာနေ ပြည်သူများက မိမိတို့တတ်အား သရွေ့ပြုလုပ်ထားသော မြန်မာ့ရိုးရာ စားစရာမုန့်မျိုးစုံတို့အား  ယူဆောင်၍ လပြည့်နေ့တွင် ဆွမ်းတော်တင် ကပ်လှူပူဇော်ရန်အတွက် ရွာလယ်စုရပ်ဇရပ်မှ ရွာလယ်လမ်းအတိုင်း စီတန်းလမ်း လျှောက်ကာ ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ရတနာဦးစေတီတော်သို့ ကြိုတင်ပို့ဆောင် ကြသည်။

တန်ဆောင်မုန်းလပြည့် ယနေ့နံနက် ပိုင်းတွင် စေတီတော်၌ ကြိုတင်ပို့ဆောင်ထားသည့် မြန်မာ့ရိုးရာ မုန့်မျိုးစုံတို့ကို မြတ်စွာဘုရားအား ရည်မှန်းကပ်လှူပူဇော်ကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ကျေးရွာသူ၊ ကျေးရွာသားများက မြတ်စွာဘုရားအမှူးပြုသော သံဃာတော်များအား လှူဒါန်းရန်အတွက် ဆွမ်း တောင်းများ၊ နဝမ္မ အလှူငွေများယူဆောင်၍ ရွာဦးဘုန်းကြီးကျောင်းရှိ ရတနာဦးစေတီ တော်အားလက်ယာရစ် လှည့်လည်ပူဇော်ကြပြီး မုန်းဇလဲကျေးရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိသုတ (ဓမ္မာစရိယ)အမှူးပြုသော ပင့်သံဃာတော်များ ကြွချီရာလမ်းတစ် လျှောက်တွင် ရေပုတ်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများက နဝကမ္မ အလှူငွေများ လောင်းလှူကြသည်။

ယင်းနောက် အာရုံခံတန်ဆောင်း၌  ရေပုတ်ကြီး ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဝဏ်္ဏိ ဿရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ရေပုတ်ကြီး ရွာဦးကျောင်းမှ ဆရာတော် ဘဒ္ဒန္တနန္ဒယိကထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှ ပေးဝေကြ သည်။

အဆိုပါ ဆွမ်းတော်တင်ပွဲနှင့်ဆွမ်းလုံးချ ပွဲတော်အောင်ပွဲအထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် တန်ဆောင်း မုန်းလပြည့်ယနေ့တို့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိနယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက အဆို၊ အက များဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ရာ ကျေးရွာနေပြည်သူများက လွန်စွာနှစ်သက်အားပေးခဲ့ကြောင်း သိရှိရသည်။

ရေပုတ်ကြီး ကျေးရွာတွင်ပြုလုပ်သော ဆွမ်းတော်တင်ပွဲနှင့် ဆွမ်းလုံးချပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ တွင်ပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်းနှင့် ဆွမ်းတော်တင်ပွဲ ဆိုသည်မှာ ရတနာဦးစေတီတော်တွင် မြတ်စွာ ဘုရားအား ရည်မှန်း၍ ဆွမ်း၊ သစ်သီးနှင့် စားသောက်ဖွယ်များ ဆွမ်းကပ်လှူဒါန်းခြင်းဖြစ်ပြီး ဆွမ်းလုံးချပွဲ ဆိုသည်မှာ တန်ဆောင်မုန်း လပြည့်နေ့တွင် ရွာသူ၊ ရွာသားများက မြတ်စွာဘုရား အမှူးပြုသော သံဃာတော် များအ တွက် လှူဒါန်းသည့် ဆွမ်းနှင့် စားသောက်ဖွယ်ရာများကို ပင့်သံဃာတော်များအား မိမိတို့ ကျောင်းတိုက်များတွင် နေ့ဆွမ်းဘုန်းပေးရန်အတွက် ပြန်လည်ခွဲဝေလှူဒါန်း ခြင်းဖြစ်ကြောင်း သိရှိရပြီး ရေပုတ်ကြီး ကျေးရွာသည် မြန်မာ့ရိုးရာ ဓလေ့ တစ်ခုဖြစ် သည့် ဆံရစ်ဝိုင်းထုံးဖွဲ့သည့်စနစ်ကို ဘိုးဘွား အစဉ်အဆက် ထိန်းသိမ်းတန်ဖိုးထားပြီး လက်ဆင့် ကမ်းထိန်း သိမ်း လာခဲ့သော ကျေးရွာ တစ်ရွာဖြစ်ကြောင်း သတင်းရရှိသည်။

 

Recent News