ေတာင္ငူၿမိဳ႔၊ (၈၈) ႀကိမ္ေျမာက္ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားမ်ား ေဒသစာရီလွည္႕လည္ပူေဇာ္ပြဲႏွင္႕ ေကတုမတီ(ေတာင္ငူ) ၿမိဳ႔တည္ နန္းတည္ (၅၀၉) ႏွစ္ေျမာက္ ပြဲေတာ္ျပဳလုပ္

ေတာင္ငူၿမိဳ႔၊ (၈၈) ႀကိမ္ေျမာက္ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားမ်ား ေဒသစာရီလွည္႕လည္ပူေဇာ္ပြဲႏွင္႕ ေကတုမတီ(ေတာင္ငူ) ၿမိဳ႔တည္ နန္းတည္ (၅၀၉) ႏွစ္ေျမာက္ ပြဲေတာ္ျပဳလုပ္

ေနျပည္ေတာ္  ႏို၀င္ဘာ  ၁၁

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ (၈၈)ႀကိမ္ေျမာက္ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားမ်ား ေဒသစာရီ လွည့္လည္ပူေဇာ္ ပြဲႏွင့္ ေကတုမတီ (ေတာင္ငူ)ၿမိဳ႕တည္ နန္းတည္ (၅၀၉) ႏွစ္ေျမာက္ပြဲေတာ္ကို ယေန႔ နံနက္ပိုင္းတြင္ ေတာင္ငူၿမိဳ႕ဗဟို မ႑ပ္၌ ျပဳလုပ္ရာ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိး၀င္းႏွင့္ အဖြဲ႕၀င္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ဌာနဆုိင္ ရာမ်ား၊ အႏုပညာ ရွင္မ်ား၊ ဖိတ္ၾကားထား သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ဧည့္သည္ေတာ္မ်ား၊ အလွဴရွင္မ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး အႏုပညာရွင္မ်ား၏ ေကတုမတီ (ေတာင္ငူ) ၿမိဳ႕တည္နန္း တည္မင္းတရား မ်ား၏သမုိင္းသ႐ုပ္ေဖာ္တင္ဆက္မႈမ်ားကို ၾကည့္႐ႈ အားေပးၾကသည္။ ထို႔ေနာက္ ပြဲေတာ္က်င္းပႏုိင္ေရး အတြက္   ကူညီေပးခဲ့ၾကသည့္ တာ၀န္ရွိသူမ်ားႏွင့္ ေစတနာရွင္အလွဴရွင္မ်ားအား    ၿမိဳ႕မိၿမိဳ႕ဖ မ်ားက  ေက်းဇူးတင္စကား ေျပာၾကားသည္။

ယင္းေနာက္ ေတာ္၀င္ေကတုမတီ ဟိုတယ္ခန္းမ၌ ဆုေပးပြဲကိုျပဳလုပ္ရာႏွစ္က်ိပ္ရွစ္ဆူဘုရားမ်ား ေဒသ စာရီ လွည့္လည္ ပူေဇာ္ပြဲ အေကာင္းဆံုးပင့္ေဆာင္ပူေဇာ္ယာဥ္ ပထမဆုရရွိသည့္ အဆုိၿပိဳင္ပြဲမ်ား၊ အားကစားၿပိဳင္ပြဲမ်ား၊  ဓာတ္ပံုၿပိဳင္ပြဲ၊ အေကာင္းဆံုး ပင့္ေဆာင္ပူေဇာ္ ယာဥ္ဆုမ်ားကို တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားက အသီးသီး ေပးအပ္ၾကသည္။

အဆုိပါေကတုမတီ(ေတာင္ငူ)ၿမိဳ႕တည္နန္းတည္ႏွင့္ ႏွစ္က်ိပ္ရွစ္ဆူဘုရားမ်ား ေဒသစာရီလွည့္လည္ပူေဇာ္ပြဲ မ်ားကို ၿမိဳ႕တည္နန္းတည္ ႏွစ္(၅၀၀)ျပည့္ႏွစ္မွစတင္၍ စည္ကားသိုက္ၿမိဳက္စြာ ႏွစ္စဥ္က်င္းပခဲ့ရာယခုအခါ (၅၀၉)ႏွစ္ ေျမာက္ျပဳ လုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သတင္း ရရွိသည္။

Unicode Version

တောင်ငူမြို့၊ (၈၈) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့် ကေတုမတီ(တောင်ငူ) မြို့တည် နန်းတည် (၅၀၉) နှစ်မြောက် ပွဲတော်ပြုလုပ်

နေပြည်တော်  နိုဝင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၈၈)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဒေသစာရီ လှည့်လည်ပူဇော် ပွဲနှင့် ကေတုမတီ (တောင်ငူ)မြို့တည် နန်းတည် (၅၀၉) နှစ်မြောက်ပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ဗဟို မဏ္ဍပ်၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင် ရာများ၊ အနုပညာ ရှင်များ၊ ဖိတ်ကြားထား သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်ဧည့်သည်တော်များ၊ အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အနုပညာရှင်များ၏ ကေတုမတီ (တောင်ငူ) မြို့တည်နန်း တည်မင်းတရား များ၏သမိုင်းသရုပ်ဖော်တင်ဆက်မှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ပွဲတော်ကျင်းပနိုင်ရေး အတွက်   ကူညီပေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များအား    မြို့မိမြို့ဖ များက  ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တော်ဝင်ကေတုမတီ ဟိုတယ်ခန်းမ၌ ဆုပေးပွဲကိုပြုလုပ်ရာနှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသ စာရီ လှည့်လည် ပူဇော်ပွဲ အကောင်းဆုံးပင့်ဆောင်ပူဇော်ယာဉ် ပထမဆုရရှိသည့် အဆိုပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊  ဓာတ်ပုံပြိုင်ပွဲ၊ အကောင်းဆုံး ပင့်ဆောင်ပူဇော် ယာဉ်ဆုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက အသီးသီး ပေးအပ်ကြသည်။

အဆိုပါကေတုမတီ(တောင်ငူ)မြို့တည်နန်းတည်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲ များကို မြို့တည်နန်းတည် နှစ်(၅၀၀)ပြည့်နှစ်မှစတင်၍ စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပခဲ့ရာယခုအခါ (၅၀၉)နှစ် မြောက်ပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

 

Recent News