၀ရဒါဌာ ဓာတုေစတိယ စြယ္ေတာ္ျမတ္ ေစတီေတာ္(ရန္ကုန္) (၂၄)ႀကိမ္ေျမာက္ ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာ၊ ေရႊၾကာသကၤန္း ကပ္လွဴပူေဇာ္ပြဲႏွင္႕ ဆြမ္းဆန္စိမ္း ေလာင္းလွဴပြဲ ျပဳလုပ္

၀ရဒါဌာ ဓာတုေစတိယ စြယ္ေတာ္ျမတ္ ေစတီေတာ္(ရန္ကုန္) (၂၄)ႀကိမ္ေျမာက္ ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာ၊ ေရႊၾကာသကၤန္း ကပ္လွဴပူေဇာ္ပြဲႏွင္႕ ဆြမ္းဆန္စိမ္း ေလာင္းလွဴပြဲ ျပဳလုပ္

ေနျပည္ေတာ္  ႏို၀င္ဘာ  ၁၁

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ ၀ရဒါဌာဓာတုေစတိယစြယ္ေတာ္ ျမတ္ေစတီေတာ္(ရန္ကုန္) (၂၄)ႀကိမ္ ေျမာက္ ဗုဒၶါ ဘိေသက အေနကဇာတင္ မဟာမဂၤလာ၊ ေရႊၾကာသကၤန္းကပ္လွဴပူေဇာ္ပြဲႏွင့္ ဆြမ္းဆန္စိမ္းေလာင္း လွဴျခင္း ကို ယေန႔နံနက္ပိုင္းတြင္ ျပဳလုပ္ရာ   ႏိုင္ငံေတာ္ သံဃမဟာ နာယကအဖြဲ႕ ဒုတိယဥကၠ႒ အဂၢမဟာ ပ႑ိတ ဒြိပိဋကဓရ ဓမၼေရာင္ျခည္ေက်ာင္း တိုက္ဆရာေတာ္  ဘဒၵႏၱအဂၢဓမၼ  အမွဴးျပဳေသာ သံဃာေတာ္မ်ားႂကြေရာက္ေတာ္ မူၾကၿပီး ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပုံႏွင့္အဖြဲ႕၀င္မ်ား၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ တာ၀န္ရွိသူမ်ား၊ ဌာန ဆိုင္ရာ ၀န္ထမ္းမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ သံဃာေတာ္မ်ားက မုျဒာကိုးပါး ဗုဒၶ႐ုပ္ပြား ဆင္းတုေတာ္မ်ားႏွင့္ ေစတီေတာ္ႀကီးအား ဗုဒၶဘိေသက အေနက ဇာတင္ ေတာ္မူၾကသည္။  ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက  ႏိုင္ငံေတာ္သံဃ မဟာနာယက အဖြဲ႕၀င္ အဂၢမဟာ ပ႑ိတ ေရစႀကိဳၿမိဳ႕ မဇၩိမာ႐ံု ပါရမီ စာသင္တိုက္၏ ပဓာနနာယကဆရာေတာ္ ဘဒၵႏၱ ၪဏိႏၵ သာရထံမွ ကိုးပါးသီလ ခံယူေဆာက္ တည္၍  သံဃာေတာ္မ်ား ရြတ္ပြားခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ ပရိတ္တရား ေတာ္မ်ားကို နာယူၾကသည္။

ယင္းေနာက္ တိုင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ေစတီေတာ္ႀကီးအတြက္ အလွဴေငြမ်ားႏွင့္ သံဃာေတာ္မ်ားထံ သကၤန္းႏွင့္လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းၾကၿပီး ဓမၼေရာင္ျခည္ေက်ာင္းတိုက္ ဆရာေတာ္ထံမွ အႏုေမာဒနာ တရားနာယူ၍ လွဴဒါန္းမႈ အစုစုတို႔ အတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ကာ မုျဒာကိုးပါး ဗုဒၶ႐ုပ္ပြားဆင္းတု ေတာ္မ်ားအား ေရႊၾကာ သကၤန္းမ်ား ဆက္ကပ္ လွဴဒါန္းၾကသည္။ ၎ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ေစတီေတာ္ႀကီး ရင္ျပင္ ေတာ္၌ ပင့္သံဃာေတာ္ ၄၅ ပါးတို႔ကို ဆြမ္းဆန္စိမ္း ေလာင္းလွဴၾကသည္။

ထို႔ျပင္ ႏို၀င္ဘာ ၁၀ရက္ ညေနပိုင္း တြင္ ေရႊတိဂုံေစတီ၊ ဗိုလ္တေထာင္ က်ဳိက္ေဒး အပ္ဆံေတာ္ ဦးေစတီေတာ္ႏွင့္ သီရိ မဂၤလာ ကမၻာေအးေစတီေတာ္တု႔ိတြင္ မသုိးသကၤန္း ရက္လုပ္ကပ္ လွဴပူေဇာ္ပြဲမ်ားျပဳလုပ္ရာ တိုင္းမွဴးႏွင့္ တာ၀န္ရိွ သူမ်ားက  သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေစတီေတာ္မ်ား၌ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။  

Unicode Version
ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ် စေတီတော်(ရန်ကုန်) (၂၄)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ၊ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်

နေပြည်တော်  နိုဝင်ဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဝရဒါဌာဓာတုစေတိယစွယ်တော် မြတ်စေတီတော်(ရန်ကုန်) (၂၄)ကြိမ် မြောက် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာ၊ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်း လှူခြင်း ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ   နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဒွိပိဋကဓရ ဓမ္မရောင်ခြည်ကျောင်း တိုက်ဆရာတော်  ဘဒ္ဒန္တအဂ္ဂဓမ္မ  အမှူးပြုသော သံဃာတော်များကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်များက မုဒြာကိုးပါး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များနှင့် စေတီတော်ကြီးအား ဗုဒ္ဓဘိသေက အနေက ဇာတင် တော်မူကြသည်။  ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ ရေစကြိုမြို့ မဇ္ဈိမာရုံ ပါရမီ စာသင်တိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဉဏိန္ဒ သာရထံမှ ကိုးပါးသီလ ခံယူဆောက် တည်၍  သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရား တော်များကို နာယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်ကြီးအတွက် အလှူငွေများနှင့် သံဃာတော်များထံ သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ မုဒြာကိုးပါး ဗုဒ္ဓရုပ်ပွားဆင်းတု တော်များအား ရွှေကြာ သင်္ကန်းများ ဆက်ကပ် လှူဒါန်းကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စေတီတော်ကြီး ရင်ပြင် တော်၌ ပင့်သံဃာတော် ၄၅ ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူကြသည်။

ထို့ပြင် နိုဝင်ဘာ ၁၀ရက် ညနေပိုင်း တွင် ရွှေတိဂုံစေတီ၊ ဗိုလ်တထောင် ကျိုက်ဒေး အပ်ဆံတော် ဦးစေတီတော်နှင့် သီရိ မင်္ဂလာ ကမ္ဘာအေးစေတီတော်တု့ိတွင် မသိုးသင်္ကန်း ရက်လုပ်ကပ် လှူပူဇော်ပွဲများပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက  သွားရောက်ကြည့်ရှု အားပေးပြီး စေတီတော်များ၌ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

 

Recent News