မိုင္း႐ွဴးၿမိဳ႔နယ္၊ မိုင္းေအာ႕ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

မိုင္း႐ွဴးၿမိဳ႔နယ္၊ မိုင္းေအာ႕ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ႏို၀င္ဘာ  ၁၁

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ မိုင္း႐ွဴးၿမိဳ႕နယ္၊ မိုင္းေအာ့ ေက်းရြာႏွင့္ ပတ္၀န္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူ မ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ ငါးပါးႏွင့္ ေဒသခံျပည္သူ ၁၄၈ဦးတို႔ကို ေသြးအား နည္း ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ မ်က္စိ ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိ ေရာဂါ၊ ကေလးေရာဂါ၊ ရာသီတုပ္ေကြး ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး ေစာင့္ ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို မိုင္း႐ွဴး တပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ဘုန္းေတာ္ႀကီး ေက်ာင္း ဆရာေတာ္   ဘဒၵႏၱ ၾသစိႏၷအား ဖူးေျမာ္၍ ဆြမ္းဆန္စိမ္း၊ လွဴဖြယ္ ပစၥည္းမ်ား၊ ကထိန္ သကၤန္းႏွင့္ န၀ကမၼ အလွဴ ေငြမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

Unicode Version

မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းအော့ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ငါးပါးနှင့် ဒေသခံပြည်သူ ၁၄၈ဦးတို့ကို သွေးအား နည်း ရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချို၊ သွေးချို ရောဂါ၊ ကလေးရောဂါ၊ ရာသီတုပ်ကွေး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို မိုင်းရှူး တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီး ကျောင်း ဆရာတော်   ဘဒ္ဒန္တ သြစိန္နအား ဖူးမြော်၍ ဆွမ်းဆန်စိမ်း၊ လှူဖွယ် ပစ္စည်းများ၊ ကထိန် သင်္ကန်းနှင့် နဝကမ္မ အလှူ ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News