စူဠာမုနိ ေလာက ခ်မ္းသာ ေစတီေတာ္ျမတ္ႀကီး၌ မသုိးသကၤန္း ဆက္ကပ္ လွဴဒါန္းျခင္းႏွင္႕ သံဃာေတာ္မ်ားအား အ႐ုဏ္ ဆြမ္းေလာင္းလွဴ

 

စူဠာမုနိ ေလာက ခ်မ္းသာ ေစတီေတာ္ျမတ္ႀကီး၌ မသုိးသကၤန္း ဆက္ကပ္ လွဴဒါန္းျခင္းႏွင္႕ သံဃာေတာ္မ်ားအား အ႐ုဏ္ ဆြမ္းေလာင္းလွဴ

ေနျပည္ေတာ္  ႏုိ၀င္ဘာ  ၁၁

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေတာင္ႀကီး ၿမိဳ႕၏ က်က္သေရေဆာင္ စူဠာမုနိေလာက ခ်မ္းသာေစတီေတာ္ျမတ္ႀကီးအား မသုိး သကၤန္းဆက္ကပ္လွဴဒါန္းျခင္းကို ယေန႔ နံနက္ပုိင္းတြင္ ေစတီေတာ္ျမတ္ႀကီး၌ ျပဳလုပ္ရာ ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕ ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္  တုိင္းမွဴး  ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ျပည္နယ္ အစိုးရ အဖြဲ႕မွ ၀န္ႀကီးမ်ား၊   ဌာနဆုိင္ရာ မ်ားႏွင့္  ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ျပည္နယ္၀န္ႀကီးခ်ဳပ္က ေတာင္ ႀကီးၿမိဳ႕ေပၚရွိ ဓမ္ၼာ႐ံုမ်ားမွ ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္မ်ားအား ဆက္ကပ္လွဴဒါန္းရန္ မသိုး သကၤန္းမ်ားကို ေပးအပ္လွဴဒါန္းၿပီး ဗမာတုိင္းရင္းသားေရးရာ ၀န္ႀကီးက  စူဠာမုနိ ေလာကခ်မ္းသာ ေစတီေတာ္ ျမတ္ႀကီးရွိ  ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးမ်ားအား  လွဴဒါန္း ဆက္ကပ္ရန္အတြက္ မသိုးသကၤန္းမ်ားကို  ျပည္နယ္၀န္ႀကီးခ်ဳပ္၊ တုိင္းမွဴးႏွင့္ တာ၀န္ ရွိသူမ်ားထံ ေပးအပ္လွဴဒါန္းသည္။

ထုိ႔ေနာက္ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ တုိင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက ေစတီေတာ္ျမတ္ႀကီးအား မသုိးသကၤန္း မ်ားျဖင့္ လွည့္လည္ပူေဇာ္ၾကၿပီး  ေစတီေတာ္ႀကီး အတြင္းရွိ ဗုဒၶ ႐ုပ္ပြား ေတာ္ျမတ္ႀကီးမ်ားအား မသုိးသကၤန္း ဆက္ကပ္ လွဴဒါန္း ၾကသည္။

ဆက္လက္၍ တက္ေရာက္ လာၾကသူမ်ားက သံဃာေတာ္ မ်ားထံမွ ငါးပါးသီလ ခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္ မ်ားအား သကၤန္းအစ ရွိေသာ လွဴဖြယ္ ၀တၳဳ ပစၥည္းမ်ားႏွင့္ အ႐ုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ယင္းေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ားသည္ လျပည့္ေန႔တုိင္း ျပဳလုပ္လ်က္ရွိေသာ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ဘုန္းႀကီးေက်ာင္း မ်ားမွ သံဃာေတာ္ အပါး ၅၀၀ တို႔အား အ႐ုဏ္ ဆြမ္းေလာင္းလွဴျခင္းကို ပါ၀င္၍ ဆြမ္း၊ ခဲဖြယ္၊ ေဘာဇဥ္ႏွင့္ လွဴဖြယ ္ပစၥည္းမ်ားကို ဆက္ကပ္ေလာင္းလွဴ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။   

Unicode Version
 

 

စူဠာမုနိ လောက ချမ်းသာ စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနှင့် သံဃာတော်များအား အရုဏ် ဆွမ်းလောင်းလှူ

နေပြည်တော်  နိုဝင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၏ ကျက်သရေဆောင် စူဠာမုနိလောက ချမ်းသာစေတီတော်မြတ်ကြီးအား မသိုး သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့မှ ဝန်ကြီးများ၊   ဌာနဆိုင်ရာ များနှင့်  ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တောင် ကြီးမြို့ပေါ်ရှိ ဓမ်္မာရုံများမှ ဗုဒ္ဓရုပ်ပွားတော် မြတ်များအား ဆက်ကပ်လှူဒါန်းရန် မသိုး သင်္ကန်းများကို ပေးအပ်လှူဒါန်းပြီး ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးက  စူဠာမုနိ လောကချမ်းသာ စေတီတော် မြတ်ကြီးရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများအား  လှူဒါန်း ဆက်ကပ်ရန်အတွက် မသိုးသင်္ကန်းများကို  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက စေတီတော်မြတ်ကြီးအား မသိုးသင်္ကန်း များဖြင့် လှည့်လည်ပူဇော်ကြပြီး  စေတီတော်ကြီး အတွင်းရှိ ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးများအား မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်း ကြသည်။

ဆက်လက်၍ တက်ရောက် လာကြသူများက သံဃာတော် များထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော် များအား သင်္ကန်းအစ ရှိသော လှူဖွယ် ဝတ္ထု ပစ္စည်းများနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လပြည့်နေ့တိုင်း ပြုလုပ်လျက်ရှိသော တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း များမှ သံဃာတော် အပါး ၅၀၀ တို့အား အရုဏ် ဆွမ်းလောင်းလှူခြင်းကို ပါဝင်၍ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်နှင့် လှူဖွယ ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။   

 

Recent News