ကေလာၿမိဳ႔၊ အမွတ္(၇)ရပ္ကြက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ကေလာၿမိဳ႔၊ အမွတ္(၇)ရပ္ကြက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ႏို၀င္ဘာ  ၁၁

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕၊ အမွတ္(၇)ရပ္ကြက္ရွိ ေဒသခံျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ပိုင္း တုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါရပ္ကြက္ရွိ မဟာသီဟနာ ပရိယတိ္ၱ စာသင္တုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူ ၈၀ဦးကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ ေသြးအုပ္စု ခြဲျခားေပးျခင္းႏွင့္ သြားႏွင့္ခံတြင္း ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတုိး ေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ အေရျပားေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာ ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

Unicode Version
ကလောမြို့၊ အမှတ်(၇)ရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ မဟာသီဟနာ ပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၈၀ဦးကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားပေးခြင်းနှင့် သွားနှင့်ခံတွင်း ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြော ရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News