ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ ထိုင္းႏိုင္ငံသို႔ခ်စ္ၾကည္ေရးခရီးထြက္ခြာ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ ထိုင္းႏိုင္ငံသို႔ခ်စ္ၾကည္ေရးခရီးထြက္ခြာ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ- ၁၂

ထိုင္းႏိုင္ငံ၊ ထိုင္းဘုရင့္ၾကည္းတပ္ဦးစီးခ်ဳပ္ General Apirat Kongsompong ၏ဖိတ္ၾကားခ်က္အရ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ ထိုင္းႏိုင္ငံသို႕ ခ်စ္ၾကည္ေရးခရီး သြားေရာက္ရန္အတြက္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ ထြက္ခြာၾကသည္။

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕အား ၫႇိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး၊ ထိုင္းႏိုင္ငံသံ႐ံုးမွ သံမွဴးႀကီး Mrs Kanokwan Pengsuan၊ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံေရတပ္စစ္သံမွဴး Capt. Chawanwit Phungsai ႏွင့္ဇနီး ႏွင့္တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔ေဆာင္ ႏႈတ္ဆက္ ၾကသည္။

ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္အဖြဲ႕ဝင္မ်ားသည္ ထိုင္းေဒသစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီခြဲ ခန္႔တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းဘုရင့္ေလတပ္၊ Wing 6 ေလဆိပ္သို႔ ေရာက္ရွိၾကရာ ထိုင္းဘုရင့္တပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္႐ံုးမွ ေထာက္လွမ္းေရး ၫႊန္ၾကားေရးမွဴး   Lieutenant General Chairat Changkaew ႏွင့္ ဇနီး၊ ထိုင္းႏိုင္ငံ ဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းႏွင့္ ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ ခင္ေဇာ္ ႏွင့္ဇနီး၊ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံစစ္သံမွဴး Senior Colonel Saranyaris Satthiwajchinadej ႏွင့္ဇနီး တို႔က ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾက ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ- ၁၂

ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong ၏ဖိတ်ကြားချက်အရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ထိုင်းနိုင်ငံသံရုံးမှ သံမှူးကြီး Mrs Kanokwan Pengsuan၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံရေတပ်စစ်သံမှူး Capt. Chawanwit Phungsai နှင့်ဇနီး နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ထိုင်းဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲ ခန့်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ်၊ Wing 6 လေဆိပ်သို့ ရောက်ရှိကြရာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်ရုံးမှ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး   Lieutenant General Chairat Changkaew နှင့် ဇနီး၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော် နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူး Senior Colonel Saranyaris Satthiwajchinadej နှင့်ဇနီး တို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

 

Recent News