
 




(Unicode Version)

စစ်ကိုင်းမြို့နယ်၊ စာရေးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စာရေးကျေးရွာရှိ သံဃာတော်များ၊ ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်း ကြီးကျောင်းဓမ်္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၉ ပါး၊ ဒေသခံ ပြည်သူ ၁၁၃ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News