အိႏ္ၵိယေရတပ္မွ စစ္ေရယာဥ္ႏွစ္စင္း ျပန္လည္ထြက္ခြာ 

အိႏ္ၵိယေရတပ္မွ စစ္ေရယာဥ္ႏွစ္စင္း ျပန္လည္ထြက္ခြာ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၁၄

 ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္သို႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ အိႏိ္ၵယေရတပ္မွ စစ္ေရယာဥ္ INS Kesari ႏွင့္ INS Chetlat တို႔သည္ ယေန႔မြန္းလြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ သီလ၀ါဆိပ္ကမ္း MITT တံတားမွ ျပန္လည္ထြက္ခြာရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏ္ၵိယႏိုင္ငံ ေရတပ္စစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။  

အဆိုပါစစ္ေရယာဥ္မ်ားတြင္ လိုက္ပါလာသည့္ အဖြဲ႕ေခါင္းေဆာင္ Commodore Deepak Bhatia ႏွင့္ အရာရွိ၊ စစ္သည္မ်ားသည္ ႏို၀င္ဘာ ၁၁ ရက္မွ ယေန႔ထိခရီးစဥ္ကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ အထင္ကရေနရာမ်ားသုိ႔ ေလ့လာေရးခရီး လည္ပတ္ျခင္္းႏွင့္ ႏွစ္ႏိုင္ငံ ေရတပ္ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲ ယွဥ္ၿပိဳင္ ကစားျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အိန်္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ 

နေပြည်တော် နိုဝင်ဘာ ၁၄ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Kesari နှင့် INS Chetlat တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန်္ဒိယနိုင်ငံ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ 

အဆိုပါစစ်ရေယာဉ်များတွင် လိုက်ပါလာသည့် အဖွဲ့ခေါင်းဆောင် Commodore Deepak Bhatia နှင့် အရာရှိ၊ စစ်သည်များသည် နိုဝင်ဘာ ၁၁ ရက်မှ ယနေ့ထိခရီးစဉ်ကာလအတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံ ရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲ ယှဉ်ပြိုင် ကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News