ၿမိတ္ၿမိဳ့နယ္၊ အဂၤေမာ္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ 

ၿမိတ္ၿမိဳ့နယ္၊ အဂၤေမာ္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၁၄ 

တနသၤာရီတုိင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ အဂၤေမာ္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ကမ္း႐ုိးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူ စုစုေပါင္း ၃၈၆ ဦးတုိ႔ကို ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ႏွလံုးေရာဂါ၊ အေရျပားေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္း၊ တစ္ကိုယ္ေရသန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊ Ultrasound ႐ုိက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ေဆးကုသေရးအဖြဲ႕က ၀မ္းပ်က္၀မ္းေလွ်ာ ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာ ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၁၄ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၃၈၆ ဦးတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နှလုံးရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသရေးအဖွဲ့က ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း ကျန်းမာရေး အသိပညာ ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News