



(Unicode Version)

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ (၅၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ဆုပေးပွဲပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၁၄ 

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ (၅၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ အိမ်ထောင်သည်လိုင်း ဘက်စုံအကောင်းဆုံး ဆုရရှိသူများ၊ သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ ပန်းချီထူးချွန်ဆု ရရှိသူများ၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့နှင့် တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်း နည်းပြတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများ အသီးသီး ပေးအပ်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗလာမပါကံစမ်းမဲများ မဲဖောက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News