လွည္းကူးၿမိဳ႔နယ္၊ မင္းကုန္းစံျပေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

လွည္းကူးၿမိဳ႔နယ္၊ မင္းကုန္းစံျပေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၁၄ 

ရန္ကုန္တုိင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ မင္းကုန္းေက်းရြာအုပ္စု၊ မင္းကုန္းစံျပေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားရွိ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်းရြာရွိ တပ္ဦး မင္းကုန္းေက်ာင္းတုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ငါးပါး၊ ေက်ာင္း သား၊ ေက်ာင္းသူ ၁၅၈ ဦးႏွင့္ ေဒသခံ ျပည္သူ ၅၀ ဦးတုိ႔ကို ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ခြဲစိတ္ကုသမႈ ဆုိင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

 

လှည်းကူးမြို့နယ်၊ မင်းကုန်းစံပြကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၁၄ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းစံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ တပ်ဦး မင်းကုန်းကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်ငါးပါး၊ ကျောင်း သား၊ ကျောင်းသူ ၁၅၈ ဦးနှင့် ဒေသခံ ပြည်သူ ၅၀ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ များအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News