(၂၉)ႀကိမ္္ေျမာက္ အာဆီယံႏိုင္ငံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာ႕တပ္မေတာ္ ေသနတ္ပစ္အသင္း အင္ဒိုနီးရွားႏိုင္ငံသို့ ထြက္ခြာ 

(၂၉)ႀကိမ္္ေျမာက္ အာဆီယံႏိုင္ငံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာ႕တပ္မေတာ္ ေသနတ္ပစ္အသင္း အင္ဒိုနီးရွားႏိုင္ငံသို့ ထြက္ခြာ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၁၄ 

 

အင္ဒိုနီးရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ (၂၉)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္ (ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ ၀င္ေရာက္ ယွဥ္ၿပိဳင္ရန္ ျမန္မာ့တပ္မေတာ္ေသနတ္ပစ္ အသင္းသည္ ယေန႔နံနက္ပိုင္းတြင္ အင္ဒို နီးရွားႏိုင္ငံသို႔ ေလေၾကာင္း ခရီးျဖင့္ထြက္ခြာ သြားၾကသည္။ အဆုိပါအဖြဲ႕အား ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမုိးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ေရ)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ တပ္မေတာ္အရာရွိ ႀကီးမ်ားက ေနျပည္ေတာ္ ေလဆိပ္တြင္ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

 

အဆိုပါ ျမန္မာ့တပ္မေတာ္ေသနတ္ပစ္အသင္းတြင္ အသင္းေခါင္းေဆာင္ ဒုတိယ ဗိုလ္မွဴးႀကီး သိန္းစိုးထြန္း ဦးေဆာင္၍ အုပ္ခ်ဳပ္ သူ၊ နည္းျပ ၁၇ ဦးႏွင့္ ေသနတ္ပစ္ အား ကစားသမား ၁၆ ဦးစုစုေပါင္း ၃၃ ဦးတို႔ သည္ ႏို၀င္ဘာ ၁၅ ရက္မွ ၁၉ ရက္အထိ အသင္းလိုက္ ေလ့က်င့္ပစ္ခတ္မႈမ်ား ေဆာင္ရြက္ၿပီး ႏို၀င္ဘာ ၂၀ ရက္မွ၂၅ ရက္အထိ က်င္းပျပဳလုပ္မည့္ (၂၉)ႀကိမ္ ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း) မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ပစၥတိုအမ်ဳိးသား အသင္း အားကစား သမား ၄ ဦး၊ ပစၥတို အမ်ဳိးသမီး အသင္း အားကစားသမား ေလးဦး၊ ကာဘိုင္အသင္း/႐ိုင္ဖယ္အသင္း အားကစား သမား ေလးဦးႏွင့္ စက္ေသနတ္ အသင္းအားကစားသမား ေလးဦး စုစုေပါင္း ေသနတ္ပစ္အားကစားသမား ၁၆ ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္ ကစားၾကမည္ျဖစ္ေၾကာင္း သိရသည္။  

 

(Unicode Version)

 

(၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ 

နေပြည်တော် နိုဝင်ဘာ ၁၄ 

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ် အသင်းသည် ယနေ့နံနက်ပိုင်းတွင် အင်ဒို နီးရှားနိုင်ငံသို့ လေကြောင်း ခရီးဖြင့်ထွက်ခွာ သွားကြသည်။ အဆိုပါအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော်အရာရှိ ကြီးများက နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ 

အဆိုပါ မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ် သူ၊ နည်းပြ ၁၇ ဦးနှင့် သေနတ်ပစ် အား ကစားသမား ၁၆ ဦးစုစုပေါင်း ၃၃ ဦးတို့ သည် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ အသင်းလိုက် လေ့ကျင့်ပစ်ခတ်မှုများ ဆောင်ရွက်ပြီး နိုဝင်ဘာ ၂၀ ရက်မှ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၉)ကြိမ် မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် ပစ္စတိုအမျိုးသား အသင်း အားကစား သမား ၄ ဦး၊ ပစ္စတို အမျိုးသမီး အသင်း အားကစားသမား လေးဦး၊ ကာဘိုင်အသင်း/ရိုင်ဖယ်အသင်း အားကစား သမား လေးဦးနှင့် စက်သေနတ် အသင်းအားကစားသမား လေးဦး စုစုပေါင်း သေနတ်ပစ်အားကစားသမား ၁၆ ဦး ဝင်ရောက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။  

Recent News