သိန္းနီ-ကြတ္ခုိင္သြား ျပည္ေထာင္စု ကားလမ္းမႀကီး၌ ေမာ္ေတာ္ယာဥ္မ်ားအား TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ငယ္မ်ားျဖင္႕ အေၾကာင္းမ႕ဲ ပစ္ခတ္ခဲ႕သျဖင္႕ ႏွစ္ဦး ဒဏ္ရာရရွိ 

သိန္းနီ-ကြတ္ခုိင္သြား ျပည္ေထာင္စု ကားလမ္းမႀကီး၌ ေမာ္ေတာ္ယာဥ္မ်ားအား TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ငယ္မ်ားျဖင္႕ အေၾကာင္းမ႕ဲ ပစ္ခတ္ခဲ႕သျဖင္႕ ႏွစ္ဦး ဒဏ္ရာရရွိ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၁၄ 

 

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ သိန္းနီ-ကြတ္ခုိင္သြား ျပည္ေထာင္စု ကားလမ္းမႀကီးေပၚတြင္ ျဖတ္သန္းသြားလာလ်က္ရွိေသာ ေမာ္ေတာ္ယာဥ္ တစ္စီးအား ယေန႔နံနက္ပုိင္းတြင္ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္ခဲ့သျဖင့္ ယာဥ္ေမာင္းတစ္ဦး အပါအ၀င္ အမ်ဳိးသားႏွစ္ဦး လက္နက္ငယ္ထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရွိရသည္။

 

 ျဖစ္စဥ္မွာ ကြတ္ခုိင္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ရွိ ဧလ်ာဇာ ကုိယ္ပုိင္အထက္တန္းေက်ာင္းမွ ယာဥ္ေမာင္းျဖစ္သူ ဦးထင္ဆန္း(ဘ)ဦးမာတူးႏွင့္ ေက်ာင္းဆရာျဖစ္သူ ဦးလုိင္နမ္(ဘ) ဦးေအာင္စုိး တုိ႔ႏွစ္ဦးသည္ ကုိယ္ပုိင္ အထက္တန္းေက်ာင္းမွ မန္ေနာင္ေက်းရြာဘက္သို႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား သြားေရာက္ေခၚေဆာင္ရန္ VOXY ယာဥ္အမ်ဳိးအစား YGN 5H/----ျဖင့္ သိန္းနီ-ကြတ္ခုိင္ ျပည္ေထာင္စုကားလမ္းမႀကီးအတုိင္း ထြက္ခြာလာစဥ္ ယေန႔ နံနက္ ၇ နာရီ မိနစ္ ၄၀ ခန္႔တြင္ ကြတ္ခုိင္ၿမိဳ႕အ၀င္ GL ပန္႔ဆီဆုိင္ေရွ႕ ကာလုိင္လမ္းခြဲအနီး အေရာက္၌ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္ခ့ဲသျဖင့္ ၎တုိ႔ႏွစ္ဦးတြင္ လက္နက္ငယ္က်ည္ ထိမွန္ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့သည္။ 

 

အဆုိပါဒဏ္ရာရရွိသူမ်ားအား ျဗဟ္ၼစုိရ္ ႏွလံုးသာ လူမႈကူညီေရး အသင္းမွ ေမာ္ေတာ္ယာဥ္ျဖင့္ ကြတ္ခုိင္ျပည္သူ႔ေဆး႐ံုသုိ႔ ပုိ႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ရွိေၾကာင္း သတင္းရရွိသည္။        

 

(Unicode Version)

 

သိန်းနီ-ကွတ်ခိုင်သွား ပြည်ထောင်စု ကားလမ်းမကြီး၌ မော်တော်ယာဉ်များအား TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် နှစ်ဦး ဒဏ်ရာရရှိ 

နေပြည်တော် နိုဝင်ဘာ ၁၄ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီ-ကွတ်ခိုင်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ် တစ်စီးအား ယနေ့နံနက်ပိုင်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသားနှစ်ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ 

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဧလျာဇာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ယာဉ်မောင်းဖြစ်သူ ဦးထင်ဆန်း(ဘ)ဦးမာတူးနှင့် ကျောင်းဆရာဖြစ်သူ ဦးလိုင်နမ်(ဘ) ဦးအောင်စိုး တို့နှစ်ဦးသည် ကိုယ်ပိုင် အထက်တန်းကျောင်းမှ မန်နောင်ကျေးရွာဘက်သို့ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ခေါ်ဆောင်ရန် VOXY ယာဉ်အမျိုးအစား YGN 5H/----ဖြင့် သိန်းနီ-ကွတ်ခိုင် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း ထွက်ခွာလာစဉ် ယနေ့ နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ကွတ်ခိုင်မြို့အဝင် GL ပန့်ဆီဆိုင်ရှေ့ ကာလိုင်လမ်းခွဲအနီး အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ 
 

အဆိုပါဒဏ်ရာရရှိသူများအား ဗြဟ်္မစိုရ် နှလုံးသာ လူမှုကူညီရေး အသင်းမှ မော်တော်ယာဉ်ဖြင့် ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။               

Recent News